လိင်ဖျော်ဖြေသူအမျိုးသမီးများက အခက်အခဲများကိုပြန်ပြောရန် စိုးရွံ့ခြင်းကြောင့် ယင်းတို့၏အခွင့်အရေးများကို ကာကွယ်မပေးနိုင်ဖြစ်နေ

ပို့စ်တင်ချိန် - 12/31/2013 06:45:00 AM

Yangon Media Group

=========================================
နွေဦးလင်း
=========================================
ရန်ကုန် ၊ ဒီဇင်ဘာ ၂၉ ။ ။ လိင်မှု ဖျော်ဖြေသူအမျိုးသမီးများ သည် မိမိတို့တွေ့ကြုံနေရသည့် အခက်အခဲများကို ပြန် လည် ပြောပြရန် စိုးရွံ့ကြသည့်အတွက် ယင်းတို့၏အခွင့်အရေးများကို အကာအကွယ် မပေးနိုင်ဖြစ်နေ ကြောင်း The Help Myanmar အဖွဲ့မှ ဒါရိုက် တာဒေါ်သက်မွန် ဖြိုးကပြောသည်။

The Help Myanmar သည် အိတ်ခ်ျအိုင်ဗွီကာကွယ် တားဆီးရေးလုပ် ငန်းများ ကို ဆောင်ရွက်ပေးနေသောအဖွဲ့ အစည်းဖြစ်ပြီး လူ့အခွင့်အရေး နှင့် လိင်တူချစ်သူများ၏အခွင့် အရေးများ၊ လိင်မှုဖျော်ဖြေသူ အမျိုးသမီးများ၏ အခွင့်အရေး များကိုပါ ကာကွယ်ဆောင်ရွက် နေသော အဖွဲ့အစည်းဖြစ် ကြောင်း၊ အဆိုပါအဖွဲ့၏ အတွေ့ အကြုံများအရ လိင်မှုဖျော်ဖြေ သူအမျိုးသမီးများသည် မိမိတို့ ၏တွေ့ကြုံနေရသော အခက် အခဲများကို ပြန်လည်ပြောပြ ရန်စိုးရွံ့လျက်ရှိနေကြောင်း သိ ရသည်။

''မိန်းမလျာတွေကမှ ကြုံ နေရတဲ့အခက်အခဲတွေကို ပြော ပြသေးတယ်။ သူတို့ကကျတော့ မိန်းကလေးတွေလဲ ဖြစ်နေကြ တော့ သူတို့တွေ့ကြုံခံ စားနေ ရာတာတွေကို ပြန်ပြောရမှာကို ရှက်ကြတယ်။ ပြောလိုက်ရင်လဲ သူတို့ကို ရဲကဖမ်းမှာကို ကြောက်ကြတယ်။ သူတို့ရဲ့ကြုံ တွေ့နေရတဲ့ အခက်အခဲတွေ ကို ဖွင့်ပြောသင့်တယ်။ ဒါမှ သူတို့ရဲ့အခွင့်အရေးကို ကာ ကွယ်ပေးနိုင်မယ်''ဟု ဒေါ်သက် မွန်ဖြိုးကထပ်မံပြောသည်။

ထို့ပြင်အဆိုပါအဖွဲ့အနေ ဖြင့် အိတ်ခ်ျအိုင်ဗွီကာကွယ် တားဆီးရေးလုပ်ငန်း များနှင့် လူ့အခွင့်အရေးဆိုင်ရာအသိ ပညာပေးခြင်းလုပ်ငန်းများကို မန္တလေးတိုင်းဒေ သကြီးအတွင်း ရှိ ပြင်ဦးလွင်၊ မလှိုင်၊ ကျောက် ပန်းတောင်း၊ မိတ္ထီလာ၊ စစ်ကိုင်း စသည့်ဒေသများတွင် ကျေး လက်ဒေသများ တိုင်အောင် ဆောင်ရွက်ပေးလျက်ရှိသည်။
Yangon Media Group