သံဖြူဇရပ်မြို့နယ် - ဆိုင်ကယ်တိုက်ပြီးထွက်ပြေးသူ တစ်ရက်အကြာမှ ပြန်ဖမ်းမိ

ပို့စ်တင်ချိန် - 12/21/2013 12:41:00 PM


ဒီဇင်ဘာ ၁၈ရက် ၂၂::၀၀ အချိန်သံဖြူဇရပ်မြို့နယ် ဝယ်သွန်ချောင်ကျေးရွာ  ရေး-သံ ကားလမ်းမ အေးသဲ ထမင်းဆိုင်ရှေ့တွင် ဆိုင်ကယ်တိုက်မှုဖြစ်ပြီး အောင်ဇေယျရပ်ကွက်နေ အောင်ဖြိုးဦးနှင့် လူငယ်တစ်ဦး ပေါင်း နှစ်ဦး ဒဏ်ရာများနှင့် သတိမေ့ လဲကျနေကြောင်း သိရသဖြင့် အောင်ဖြိုးဦး၏ အဒေါ်တော်စပ်သူ မသန်းသန်းစိုးနှင့် မိသားစုများ သွားရောက် ကြည့်ရှု့ရာ အောင်ဖြိုးဦးတွင် ဦးခေါင်းနောက်စေ့ ပေါက်ပြဲ ဒဏ်ရာ ကျောကုန်းနှင့်လည်းပင်းတွင်ဖူးရောင် ဒဏ်ရာ ရရှိထားပြီး ၊ကျန်ရှိသည့် လူငယ်မှာ တရပ်ကွက်တည်းနေ အောင်သူရ(၂၅)နှစ် အဘ ဦးတင်မြင့်ဆွေ ဆိုသူဖြစ်ပြီး ၄င်း၌ ယာဘက် ဦးခေါင်း ပေါက်ပြဲ ဒဏ်ရာ၊ယာဘက် ခြေတစ်လုံးပေါက်ပြဲ ဒဏ်ရာတို့ ရရှိထားသည်ကို တွေ့ရှိရသဖြင့် ၄င်းလူငယ် နှစ်ဦးအား မော်လမြိုင် ပြည်သူ့ဆေးရုံးသို့ အရေပေါ် တင်ပို့ ကုသစဉ် အောင်ဖြိုးဦး(၂၂)နှစ် အဘ ဦးအေးထွန်းမှာ  မုဒုံမြို့ အရောက် လမ်းတွင်သေဆုံးပြီး အောင်သူရအား မော်လမြိုင် ပြည်သူ့ဆေးရုံသို့ တင်ပို့ ထားကြောင်းသိရှိရပါသည်၊ ဆိုင်ကယ်တိုက်မှုဖြစ်စဉ် တရာခံ မောင်ကိုကိုဦး(၂၈)နှစ် အောင်ဇေယျတိုးချဲ့ အဘ ဦးကျော်ဦး အမိ ဒေါ်ရင်ဆွေ မှာထွက်ပြေး တိမ်ရှောင်သွားခဲ့ပြီး ၊ သံဖြူဇရပ်မြို့ မြို့မ စခန်းမှူး ဒုရဲမှူး ဦးစိုးအောင်၏ ကြီးကြပ်မှု ဖြင့် နယ်ထိန်း တပ်ဖွဲ့ဝင်များသည် တရာခံ သွားလာခိုအောင်း နေနိုင်သည့် နေရာ ကားဂိတ်၊ ဘူတာများတွင် အသွင်ယူ စုံစမ်း ရှာဖွေရာ ၁၉ရက် ၁၆:၃၅ အချိန်တွင် တရာခံမှာ ဟံသာဝတီရပ်ကွက် ရော်ဘာခြံအတွင်း တွင် သက်သေခံပစ္စည်း ဆိုင်ကယ်နံပါတ်မပါ click အမျိုးအစားမဲဝါရောင် ကို သိမ်းဆည်းရမိပြီး ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၀၄က/၃၃၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်းသတင်းရရှိပါသည်။
Thanbyuzayat watch
By Myanmar CNN