လန်ဒန်မြို့ အပိုလိုကဇာတ်ရုံ မျက်နှာကြက် ပြိုကျ၊ ၉၀ ခန့် ဒဏ်ရာရ

ပို့စ်တင်ချိန် - 12/21/2013 12:30:00 AM


အင်္ဂလန်နိုင်ငံ လန်ဒန်မြို့က အပိုလို ကဇာတ်ရုံမှာ ဖျော်ဖြေမှုတခုအတွင်း ဒီဇင်ဘာ ၁၉ ရက်နေ့က မျက်နှာကြက် ပြိုကျမှုကြောင့် လူ ၉၀ နီးပါး ဒဏ်ရာရတယ်လို့ အရေးပေါ်ဝန်ဆောင်မှုအဖွဲ့က ပြောပါတယ်။

နာမည်ကြီးတဲ့ “ညအချိန် ခွေးတကောင်ရဲ့ မတော်တဆမှု” ဆိုတဲ့ ကဇာတ်ကို လူ ၇၂၀ လောက် ကြည့်နေစဉ်မှာ အင်္ဂတေနဲ့ အပိုင်းအစတွေ ပြိုကျခဲ့တာ ဖြစ်ပါတယ်။

ပေါက်ကွဲမှု မဟုတ်ဘဲ ၄ ထပ်ရှိတဲ့ ပွဲကြည့်စင်ပေါ်က မျက်နှာကြက်က ရိုးရိုးရှင်းရှင်း ပြိုကျခဲ့တာလို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

ဒဏ်ရာရသူ ၈၈ ယောက်မှာ ၈၁ ယောက်က လမ်းမလျှောက်နိုင်တဲ့ သာမန် ဒဏ်ရာရမှုသာ ရှိခဲ့ပြီး အများအပြားကတော့ ခေါင်းမှာ ဒဏ်ရာရခဲ့ကြသလို ဒဏ်ရာကြီးသူတွေကိုတော့ ဆေးရုံတင်ပို့ထားတယ်လို့ အရေးပေါ် ၀န်ဆောင်မှုအဖွဲ့တွေက ပြောပါတယ်။ သေဆုံးမှု မရှိဘူးလို့ ရဲတွေက ပြောပါတယ်။

၁၉၀၁ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့တဲ့ အပိုလို ကဇာတ်ရုံမှာ မျက်နှာကြက် ပြိုကျမှု အကြောင်းရင်းကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ရဲတွေက ပြောပါတယ်။
DVB Burmese