ကြေးမုံသတင်းစာကို သိမ်းယူရာတွင် စတိလျော်ကြေးပေးပြီး ဦးနေ၀င်း အလွန်စိတ်ဆိုးလေသောအခါ

ပို့စ်တင်ချိန် - 12/21/2013 06:29:00 PM


လွန်ခဲ့သော နိုဝင်ဘာလ အတွင်းက သံတော်ဆင့် အပတ်စဉ် သတင်း ကနေပြီး ဆောင်းပါးတစ်ပုဒ်ရေး ခဲ့ပါ တယ်။ နိုင်ငံပိုင် သတင်းစာများ မရှိသင့်တော့ပြီဆိုတဲ့ ခေါင်းစဉ်နဲ့ပါ။

အဲဒီဆောင်းပါးနှင့် ပတ်သက်လို့ လှုပ် ရှားမှုအချို့၊ လှိုင်းဂယက်အချို့ ရိုက်ခတ်လာ တာရှိတယ်ဗျာ။ နီးရာ မိတ်ဆွေများက လက်ဖက်ရည် ဆိုင်မှာ တွေ့ဆုံရင်း ထောက်ခံ ကြောင်း၊ သူတို့အမြင်နဲ့အတူပြောပြကြ တယ်ဗျာ။ အချို့ကတော့ တယ်လီဖုန်းဆက်ပြီး ထောက်ခံပြောဆိုကြပါတယ်။ ပွင့်လင်းမြင်သာတဲ့ သတင်းအချက် အလက်တွေရဖို့ ပုဂ္ဂလိကသတင်းစာတွေ ကိုဒီမိုကရေစီစနစ် ကြွေးကြော်သံနှင့် အတူ လွတ်လပ်စွာ ထုတ်ဝေ ခွင့်ပေးဖို့ ပြောဆို ကြတာပါ။

ယခုအခါမှာတော့ ပုဂ္ဂလိကသတင်း စာအချို့ထုတ်ဝေခွင့်ရသော်လည်း အခက်အခဲများစွာနှင့် ရင်ဆိုင် နေကြပါတယ်။ သူတို့မှာ လိုအပ်သော ကြော်ငြာများ မရရှိ ခြင်းပါ။ အဓိကအကြောင်း ကတော့ နိုင်ငံပိုင်ဆိုတဲ့ အစိုးရသတင်း စာက စောင်ရေ အားကိုးနဲ့ ကြော်ငြာများစွာကို ဈေးနှုန်းကြီးစွာနှင့် ရယူနေခြင်းပါပဲ။ ..

အမှန်က ပြည်သူလူထုကို အသိပညာ ပေးမယ်၊ သတင်းကောင်းတွေ ပေးမယ်ဆိုရင် ကြော်ငြာတွေကို များစွာ မထည့် သင့်တော့ပါ။ ခုတော့ သတင်းပုဒ်ရေက ဆယ်ဂဏန်း သာသာနှင့် ကြော်ငြာပုဒ်ရေက ရာ ကျော်ဖြစ် နေတာလည်း မသင့်တော်တာ အမှန်ပါ။ အစိုးရသတင်းစာမှာ ကြော်ငြာ အချပ်ပိုတွေများစွာနှင့် ထူထဲနေမှုဟာ အစိုးရအတွက် ဂုဏ်ယူစရာ မဟုတ်ပါ။

ကြော်ငြာတွေကို လျှော့ပြီး ပြည်သူ လူထုအကျိုးပြုမယ့် သတင်းတွေ၊ ဆောင်းပါးတွေကို ထည့်ပေးသင့်ပါတယ်။ ပြည်သူ လူထုဟာ သတင်းပြည့်စုံစွာ ကြည့်လိုဖတ်လိုရင် ပုဂ္ဂလိက သတင်းစာ အားကိုးနေကြရပါတယ်။

ပုဂ္ဂလိက သတင်းစာတွေမှာ သတင်းစုံတယ်။ ကြော်ငြာတွေ မများဘူး။ အဲဒါကြောင့်လည်း သတင်းစာ တစ်စောင်ရဲ့ တန်ဖိုးဟာ ၂၀၀ကျပ် ဖြစ်နေတော့။ အစိုးရ သတင်းစာက တစ်စောင်ကို ကျပ် ၁၀၀ ဈေးကွာ နေတာလည်း လက်တွေ့ပါပဲ။

ကျွန်တော်က သံတော်ဆင့်ကနေပြီး နိုင်ငံပိုင် သတင်းစာ ဆိုပြီး ကြေးမုံနဲ့ မြန်မာ့ အလင်းကို ပြန်ကြားရေး ၀န်ကြီးဌာနက မူလပိုင်ရှင်တွေလက်ကို ပြန်အပ်ဖို့ရေး ခဲ့တာပါ။ တုတ်တုတ်ပင် မလှုပ်ခဲ့ပါ။

သက်ဆိုင်ရာ ပုဂ်္ဂိုလ်တွေ နှာစေးနေကြ ပုံရပါတယ်။ သို့သော် သတင်းစာကို စိတ်ဝင်စားတဲ့ သတင်းစာ လောကသား အချို့ကတော့ ဝေဖန်သံတွေ နဲ့ ထောက်ခံ ကြတာပါ။

သတင်းစာများကို မူလပိုင်ရှင်များ လက်သို့ ပြန်ပေးပါတော့လားဆိုတဲ့ ကျွန်တော့်ရဲ့ အဆိုပြုချက်နဲ့ ပတ်သက်လို့ မေးမြန်း ဝေဖန်ဆွေးနွေး လာကြတဲ့ ပုဂ်္ဂိုလ် အချို့လည်းရှိသဗျ။ ထိုပုဂ်္ဂိုလ်အချို့ရဲ့ အာဘော်ကိုလည်း တင်ပြလို ပါတယ်။

မိတ်ဆွေတစ်ဦးက တော်လှန်ရေး အစိုးရလက်ထက်မှာ ကြေးမုံသတင်းစာကို သိမ်းယူမှုအတွက် လျော်ကြေးပေး တယ်မဟုတ်လားလို့ မေးလာပါတယ်။ မှန်ပါတယ်ဗျာ၊ အဲဒါနဲ့ ပတ်သက်လို့ ကျွန်တော် သိသမျှ ဖွင့်ဟပါမယ်။

ကြေးမုံသတင်းစာ ထွက်စက ဦးသောင်း (ခ) အောင်ဗလက အစုရှယ်ယာ ၆၀ ရာနှုန်းပိုင်ဆိုင်ပါတယ်။ ဦးပွင့်ကောင်း၊ မွန်စလှိုင်စတဲ့ ပုဂိ္ဂုလ်အချို့လည်း ရှယ်ယာဝင်များ ဖြစ်ကြပါတယ်။

ထိုစဉ်က ကြေးမုံသတင်းစာဟာ အာရှမှာ ပထမဆုံး အော့ဖ်ဆက်ပုံနှိပ်တဲ့ သတင်းစာဖြစ်ခဲ့ပါတယ်။ စောင်ရေလည်း ငါးထောင်တစ်သောင်းကနေ ခုနစ်သောင်းကျော်အထိ လျင်မြန်စွာတက်ခဲ့တဲ့ သတင်းစာကြီးပါ။ ပြည်သူ ပိုင်ပြုလုပ်တော့ တိုက်မြေ၊ စက်၊ ကားများပါ ထိုစဉ်က ကျပ် ၁၀ သိန်းခန့် တန်ပါတယ်။

သို့သော် လျော်ကြေးအဖွဲ့က ၄ သိန်းတန်လို့ ဆုံးဖြတ်ပါတယ်။ အစိုးရ ဘက်က အခွန်တော် နှစ်သိန်း ရရန်ရှိသည် ဆိုပြီး ကျပ် ၂သိန်းတန် ဒီဘင်ချာ ငွေချေစာချုပ် ထုတ်ပေးပါတယ်။ တစ်ကြိမ်တည်း မပေးပါ။ နှစ်ပေါင်း ၂၀ ထုတ်ပေးရန် စာချုပ်ဖြစ်ပါတယ်။

ထိုစဉ်က အခြေအနေအရ ဦးသောင်းက လက်ခံခဲ့ပါ တယ်။ နှစ်စဉ် ငွေကျပ်နှစ် သောင်းကို အစုရှယ်ယာများအား ခွဲဝေပေးခဲ့တယ်။ သို့သော် နှစ်အနည်း ငယ်ကြာတော့ အမေရိကနှင့် တိုင်း(မ်)သတင်းစာများ တွင် ဦးသောင်း ဆောင်းပါးများ ရေးသဖြင့် ဦးနေ၀င်း စိတ်အလွန်ဆိုးပါတယ်။ ဘဏ္ဍာရေးဝန်ကြီး ဦးထွန်းတင့် အရေးယူ၍ အမိန့် ထုတ်ပါတယ်။ ငွေစုဘဏ်မှာရှိနေတဲ့ ဦးသောင်းပိုင်တဲ့ ငွေတွေကို သိမ်းလိုက်တယ်ဗျာ။ အဲဒါက ကျွန်တော် လေ့လာမိသမျှ ခြုံပြီး တင်ပြချက်ဖြစ်ပါတယ်။ ဖြစ်ရပ်အမှန်ကတော့ ကြေးမုံသတင်းစာကို စတိသာ လျော်ကြေးပေးတယ်ဆိုပြီး သိမ်းလိုက်ခြင်းဖြစ်ပါကြောင်း တင်ပြလိုက် ရပါတယ်။

မြတ်ဆွေ

ရည်ညွှန်း- ကြေးမုံဦးသောင်း

ဘီလူးတို့ရွာစာအုပ်။ ၁၉၉၉ ခုနှစ်။
 မြတ်ဆွေ