မြန်မာလူထု ညီလာခံသို့ သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးရွှေမန်းတို့ တက်ရောက်ရန် ဖိတ်ကြားထားသော်လည်း အကြောင်းပြန်ခြင်း မရှိသေး

ပို့စ်တင်ချိန် - 12/21/2013 02:14:00 PM


ဒီဇင်ဘာတွင် ကျင်းပမည့် မြန်မာလူထု ညီလာခံသို့ နိုင်ငံ့ခေါင်းဆောင်ကြီး များကို ဖိတ်ကြား ထားသော်လည်း တရားဝင် အကြောင်းပြန်ခြင်း မရှိသေးကြောင်း အာဆီယံလူထုဖိုရမ် ကျင်းပရေး ဆက်သွယ်ညှိနှိုင်းရေးမှူး ကိုကျော်လင်းဦး၏ ပြောပြချက်အရ သိရသည်။
မြန်မာလူထု ညီလာခံကို ဒီဇင်ဘာ၂၈ ရက်၊ ၂၉ ရက်၊ ၃၀ ရက်များတွင် MCC ခန်းမ၌ ကျင်းပသွားမည်ဖြစ်ပြီး နိုင်ငံတော် သမ္မတဦးသိန်းစိန်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းတို့ကို အဆိုပါ ညီလာခံသို့ တက်ရောက်ရန် ဖိတ်ကြားထားကြောင်း ယင်းက ဆက်လက် ပြောကြားသည်။
၂၀၁၄ ခုနှစ်တွင် ကျင်းပမည့် အာဆီယံ လူထုညီလာခံတွင် မြန်မာနိုင်ငံ၏ အရပ်ဘက် အဖွဲ့အစည်းများ အနေဖြင့် အတွေ့အကြုံ ရရှိစေရန်အတွက် မြန်မာလူထု ညီလာခံကို အကြိုကျင်းပရခြင်း ဖြစ်ကြောင်း၊ ယင်းညီလာခံတွင် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ တရားမျှတရေး၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး စသည့်ခေါင်းစဉ်များ အောက်တွင် ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။
၂၀၁၄ ခုနှစ်တွင် ကျင်းပမည့် အာဆီယံ လူထုညီလာခံတွင် မြန်မာနိုင်ငံ၏ အရပ်ဘက် အဖွဲ့အစည်းများ အနေဖြင့် အတွေ့အကြုံ ရရှိစေရန်အတွက် မြန်မာလူထု ညီလာခံကို အကြိုကျင်းပရခြင်း ဖြစ်ကြောင်း၊ ယင်းညီလာခံတွင် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ တရားမျှတရေး၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး စသည့်ခေါင်းစဉ်များ အောက်တွင် ဆွေးနွေး...

ယင်းပွဲသို့ တက်ရောက်လိုသူများ အနေဖြင့် ဒီဇင်ဘာ ၂၀ ရက် နောက်ဆုံးထားကာ www. myanmar peopleforum.org တွင် ၀င်ရောက်စာရင်း ပေးသွင်းနိုင်ပြီး ၀င်ကြေးအနေဖြင့် လူထုအခြေပြု အဖွဲ့အစည်းများ၊ တစ်သီးပုဂ္ဂလ၊ ကျောင်းသားများအတွက် တစ်ဦးလျှင် ကျပ် ၁၀၀၀၊ NGO များအတွက် ကျပ် ၃၀၀၀၊ နိုင်ငံတကာ အဖွဲ့အစည်းများအတွက် ကျပ် ၁၀၀၀၀၊ UN နှင့် သံရုံးများအတွက် ကျပ် ၁၅၀၀၀ အသီးသီး သတ်မှတ်ထားကြောင်း၊ တက်ရောက်မည့် မီဒီယာများ အနေဖြင့်လည်း ၀င်ရောက်စာရင်း ပေးသွင်းရန် လိုအပ်ကြောင်း သိရသည်။ ယခုလက်ရှိတွင် အဆိုပါ ညီလာခံသို့ တက်ရောက်ရန်အတွက် တစ်နိုင်ငံလုံးရှိ အရပ်ဘက် အဖွဲ့အစည်း ၂၀၀ ကျော်မှ တက်ရောက်ရန် စာရင်းပေးသွင်း ထားကြောင်း သိရသည်။
အာဆီယံ လူထုညီလာခံကို ၂၀၀၅ ခုနှစ် မှစတင်၍ မလေးရှားနိုင်ငံတွင် ကျင်းပခဲ့ပြီး၊ ၂၀၀၆ ခုနှစ်တွင် ဖိလစ်ပိုင်၊ ၂၀၀၇ ခုနှစ် တွင် စင်ကာပူ၊ ၂၀၀၉ ခုနှစ်တွင် ထိုင်း၊ ၂၀၁၀ ပြည့်နှစ်တွင် ဗီယက်နမ်၊ ၂၀၁၁ ခုနှစ်တွင် အင်ဒိုနီးရှား၊ ၂၀၁၂ ခုနှစ်တွင် ကမ္ဘောဒီးယား၊ ၂၀၁၃ ခုနှစ်တွင် ဘရူနိုင်း၊ ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်တွင် အာဆီယံ အဖွဲ့သို့ စတင်ဝင်ရောက်ခဲ့ပြီး နောက် ၁၇ နှစ်အကြာတွင် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ပထမဆုံးအကြိမ်အဖြစ် အောက်တိုဘာ ၁၀ ရက်တွင် ဘရူနိုင်းထံမှ လွှဲပြောင်းရယူခဲ့ပြီး ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှစကာ အာဆီယံ ဥက္ကဋ္ဌအဖြစ် စတင်တာဝန် ထမ်းဆောင်မည် ဖြစ်ကြောင်း သိရသည်။
eleven media group