ဗီတာမင်စီ အားဆေး သောက်သုံးသူများ ဆီးကျောက်တည် ရောဂါ ပိုမိုဖြစ်ပွားနိုင်

ပို့စ်တင်ချိန် - 12/21/2013 12:53:00 PM


ဗီတာမင်စီ အားဆေးကို လိုအပ်သည်ထက် ပိုမိုသုံးစွဲ သူများသည် ဆီးကျောက်တည် ရောဂါ ဖြစ်ပွားမည့် အလားအလာ ပိုမို များပြားကြောင်း ဆွီဒင် နိုင်ငံ၌ အမျိုးသား ၂၂ဝဝဝ ကျော်ကို လေ့လာ မှု ပြုချက်များ အရ သိရသည်။ ဗီတာမင်စီ ပါဝင်သည့် ဆေးဝါး သောက်သုံးမှု မြင့်မားခြင်းသည်

ဆီးကျောက်တည် နိုင်မှု အခြေ အနေကို ပိုမို ဖြစ်ပေါ်စေသည်ကို ပညာရှင်များက သံသယ ရှိသည်မှာ ကြာပြီဖြစ်ကြောင်း၊ ဗီတာမင် စီဓာတ်သည် လူ၏ ခန္ဓာကိုယ်မှ စွန့်ထုတ်လိုက်သော ဆီးအတွင်း ပါရှိသည့် Oxalate (ပုံဆောင်ခဲငယ်များ) ကို စုပ်ယူလိုက်သည့် အတွက် ဆီးကျောက် တည်မှုတွင် အဓိက ကျသော အချက်တစ်ချက် ဖြစ်ကြောင်း စတော့ဟုမ်းရှိ ကာရိုလင်စကာ တက္ကသိုလ်မှ သုတေသန အဖွဲ့ခေါင်းဆောင် လော်ရာ သောမတ်စ်က ပြော ကြားထားသည်။ သောမတ်စ်နှင့် သူမ၏ အဖွဲ့သည် သက်လတ်ပိုင်းနှင့် သက်ကြီးပိုင်း အရွယ် ဆွီဒင် အမျိုးသားများအား ၎င်းတို့ နေထိုင် စားသောက်ပုံများကို မေးမြန်း ခဲ့ကြပြီး ၎င်းတို့၏ အဖြေများမှ ရရှိသော အချက်အလက်များကို အသုံးပြု ခဲ့သလို ၎င်းတို့အား ပျမ်းမျှ ၁၁ နှစ်ခန့်ကြာ ခြေရာကောက် စုံစမ်းမေးမြန်း ခဲ့ရာမှ ၎င်းအချက်ကို ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ယခု ပြုလုပ်သော လေ့လာ စမ်းသပ်မှုတွင် ပါဝင်သည့် အမျိုးသား ၉ဝ၇ ဦးသည် ဗီတာမင်စီ ဆေးပြားများကို ပုံမှန် စားသုံးသည်ဟု ပြောကြားခဲ့ပြီး ကျန် ၂၂ဝဝဝ ကျော်မှာမူ မည်သည့် ဖြည့်စွက်အားဆေးကိုမျှ အသုံး မပြုကြောင်း သိရသည်။ ဗီတာမင်စီ သုံးစွဲသူများ အန က် ၃ ဒသမ ၄ ရာခိုင်နှုန်းသည် လေ့လာမှု ပြုလုပ်စဉ် အတွင်း ပထမဆုံး အကြိမ် ဆီးကျောက်တည်မှု ရောဂါကို ခံစား ခဲ့ရသည်။ မည်သည့် ဖြည့်စွက်အားဆေးမျှ မစားသော သူများတွင်မူ ရောဂါ ခံစား ရသူ ၁ ဒသမ ၈ ရာခိုင်နှုန်းသာ ရှိသည်ကို တွေ့ရသည်။ ထို့ကြောင့် ဗီတာမင်စီ ဖြည့်စွက် အားဆေးကို တစ်နေ့ တစ်ကြိမ် စားသုံးသူများသည် ဆီးကျောက်တည် ရောဂါ ဖြစ်ပွားမှု အန္တရာယ် အများဆုံး ဖြစ်သည်ဟု သုံးသပ်ရသည်။ ဆီးကျောက်များ သည် သေးငယ်ေ သာ ပုံဆောင်ခဲလေးများ စုဖွဲ့ရာမှ ဖြစ်ပွားခြင်း ဖြစ်သည်။ အဆိုပါ ပုံဆောင်ခဲ ငယ်များသည် Oxalate နှင့် ဗီတာမင်စီ၌ ပါဝင်သော ကယ်လ်ဆီယံ ဓာတ်တို့ ပေါင်းစပ် ရာမှ ဖွဲ့တည် လာနိုင်ဖွယ် ရှိသည်။ ဆီးကျောက်ခဲ ငယ်များသည် ဆီးအတွင်း သူ့အလို အလျောက် ပါသွား လေ့ ရှိသော်လည်း ဆီးနှင့်အတူ ခန္ဓာကိုယ် ပြင်ပသို့ မရောက်မီ ပြင်းထန်သော နာကျင်မှုကို ဖြစ်ပေါ်ေ စနိုင်သည်။ တစ်ခါတစ်ရံတွင် ၎င်းဆီးကျောက်မှာ ပိုမို ကြီးမားပါက ခွဲစိတ် ကုသရသည် အထိ ပြုလုပ် ရနိုင်သည်။ ဖော်ပြပါ ဆီးကျောက်တည် ရောဂါ သည် အမျိုးသမီးများထက် အမျိုးသားများတွင် ပိုမို အဖြစ် များဖွယ်ရှိကြောင်း သိရသည်။
Myawady Health