မြို့နယ်မှူးရဲ့ ဒုက္ခ (ဟာသ)

ပို့စ်တင်ချိန် - 12/21/2013 12:34:00 PM


#(" အရှေ့အရပ်၌ရှိသော ......အနန္တစကြဝဠာ....အနန္တသတ္တဝါတို့")
ဟင်..........ဘယ်မှာ၊ ဘယ်သူတွေ ဘာလို့ ဆန္ဒပြကြပြတာတုန်းဟေ...
ဓမ္မာရုံက မေတ္တာပို့တာ ပါတော် အရက်နာကျနေလဲ ပြန်အိပ် ပြန်အိပ်

#(" အာဇာနည် ဗုဒ္ဓဘာသာ အမျိုးသား တိုင်းပြည်")
ဟိတ်..သိန်းမောင်၊ အောင်ရွှေ၊ တင့်ဆွေ၊မောင်တူး၊ ကားထုတ်၊ ကျည်ကာဝတ်၊ တစ်ခါတည်း ကျည်ထိုးထား...မိန်းမရေ.. ခြောက်လုံးပြူးပေးစမ်း၊ ခြောက်လုံးပြူး
ဘာဖြစ်တာတုန်း...တီဗီက ဇာတိမာန် သီချင်းလာနေတာပါတော်....
ဟမ်..ဟုတ်လား....ငါက ကုလား-ဗမာ ဆော်ကြပြန်ပြီထင်လို့.....
ပြန်အိပ်

#("ကမ္ဘာမကျေ၊ မြန်မာပြေ................")
ဟေ့ကောင်တွေ ကားထိုးထားတော့၊ မီးသတ်ပါခေါ်ခဲ့၊ မိန်းမရေ အထုပ်လေး ပြင်ထားဟေ့
ဘာတုန်း...ကျောင်းက ကလေးတွေ ကမ္ဘာမကျေ ဆိုတာလေ လေသင့်လို့ ကြားရတာပါတော်၊ ဘာဖြစ်ရ ပြန်တာတုန်း
မီးရှို့ပြန်ပြီထင်လို့........ဟီး


#အဲတာပါပဲ ဒေါက်တာရယ်.....မြို့နယ်မှုးဖြစ်စကတည်း ကပါပဲ။ အရင်က အသောက်များလို့ အရက်ကြောင်တယ် ထင်တာ။ ခုသိပ်မသောက်တော့တာလဲ ၁နှစ်ကျော်လာပြီ။ ညအိပ်ရင်လဲ တောင်းပန်ပါတယ်။ တောင်းပန်ပါတယ် ဆိုတာ ခဏခဏ ယောင်တယ်။ အဝေးက အသံခပ်သဲ့သဲ့ ကြားရင်ကို အဲသလို လန့်နိုးတော့တာ။

Mg Han