ကမ်ပိုမှာ မြန်မာရွှေ ၂ ခု ထပ်ရ၊ ကာချုပ် ဆုပေး

ပို့စ်တင်ချိန် - 12/21/2013 08:15:00 AM









ဆီးဂိမ်း ကမ်ပိုပြိုင်ပွဲတွေကို ဒီနေ့ ဒီဇင်ဘာ ၂၀ရက်နေ့ ရန်ကုန်မြို့ သုဝဏ္ဍကွင်းမှာ ယှဉ်ပြိုင်ကြပြီး အမျိုးသား ရန်ဒိုရီ ၅၀ကီလိုတန်း ပြိုင်ပွဲမှာ သန်းဝင်းက ရွှေတံဆိပ်နဲ့ အမျိုးသား ရန်ဒိုရီ ၆၀ကီလိုတန်း ပြိုင်ပွဲမှာ ကျော်လင်းဦးက ရွှေတံဆိပ် အသီးသီး ဆွတ်ခူးသွားပါတယ်။

ဒီနေ့ ကမ်ပိုပြိုင်ပွဲကို ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ပြီး ဆုပေးခဲ့ပါတယ်။ ရွှေတီဆိပ် စုစုပေါင်း ၁၈ခုပေးတဲ့ ဒီ Kempo ကမ်ပိုပြိုင်ပွဲစဉ်တွေမှာ အခုလက်ရှိအချိန်ထိ မြန်မာက ရွှေလေးခု ရရှိထားပါတယ်။

ဓာတ်ပုံ – ကိုဆန်
DVB Burmese