မွန်ပြည်နယ်မှ မုဒိမ်းမှုသတင်း ဖြစ်ကြောင်းအမှန်နှင့် တိုင်ကြားစာ

ပို့စ်တင်ချိန် - 1/09/2014 12:10:00 PM



မွန်ပြည်နယ် ရေးမြို့နယ် ခေါ်ဇာမြို့နယ်ခွဲ  ကျုံညဲကျေးရွာ နိုင်ဖဒွတ်-မိကျင်ဝိုင်း တို့အိမ်းအား ခလရ ၃၁ မှ သက်ကယ် ဖက်ထိုးရန် ငှားရမ်းထားပြီး (၂၄.၁၂.၂၀၁၃)ရက်နေ့ ညနေ ၇ -နာရီတွင် တပ်သား သိန်းဝင်းအပါ (၃)ဦးတို့သည် သက်ကယ်ဖက် ဆင်းယူစဉ်တွင် နိုင်ဖဒွတ် မိကျင်ဝိုင်း မိကျင်ဝိုင်းတို့ နေအိမ်၌ သမီးဖြစ်သူ မိပရွဲမွန်က ငိုယိုးပြေးလာပြီး ၄င်းအဖေ နိုင်ဖဒွတ် တွေ့သွား၍ အုပ်ချုပ်ရေးမှူး နိုင်ထွန်းကြည် နေအိမ်သို့ ဖြစ်စဉ်အားလုံး အကြောင်းကြားခဲ့သည်၊ ဖြစ်စဉ်ကို သိရှိပြီးသည်နှင့် ကျုံညဲကျေးရွာ အုပ်ချူပ်ရေးမှူး နိုင်ထွန်ကြည်က ရပ်မိ ရပ်ဖ အနည်းငယ်နှင့် မိပရွဲမွန်တို့ မိသားစုအား ခေါ်ကာ တပ်ရင်း၃၁ အားသွားရောက်တိုင်းတန် ခဲ့ရာ တပ်ရင်းရုံးက တာဝန်ရှိသူများက နှစ်နာကျေး ငွေကျပ် (၅၀၀၀၀၀)ကျပ် ပေးကာ ခြိမ်းခြောက်ပြီး  ကျေးအေးလွှာအား အတင်း လက်မှတ်ထိုးခိုင်းပေမဲ့လည်း မိပရွဲမွန် မိသားစုမှလက်မခံခဲ့ပေ၊ ၄င်ငွေအား ရပ်မိရပ်ဖမှ လက်ခံခဲ့ပြီး (၂.၁.၂၀၁၄) နေ့တွင် မိပရွဲမွန် မိသားစု အားပေးပို့ခဲ့ပြီး ဤဖြစ်စဉ်နှင့် ပတ်သက်ပြီး အကြောင်းတစ်စုံ တစ်ခု ပေါ်ပေါက်ခဲ့ပါက ရွာမှနှင်းထုတ်မည်ဟု မိသားစုအားခြိမ်းခြောက်ခဲ့ပါသည်၊ သို့ဖြစ်ပါ၍ ခလရ(၃၁)မှ ယခုလို ကိုယ်ထိလက်ရောက် မုဒိန်းမှု ကျူးလွန်းခြင်းသည်လည်းကောင်း ၊ ကျူလွန်ပြီး ကာယကံရှင်အပေါ် ခြိမ်းခြောက်မှုပြုလုပ်ခဲ့သည်လည်းကောင်း၊နိုင်ငံတော်၏ ငြိမ်းချမ်ရေး တည်ဆောက်မှု လမ်းစဉ်အား များစွာထိခိုက်စေသဖြင့် ဥပဒေအရ ထိရောက်စွာ အရေးယူ ဆောင်ရွှက် ပေးပါရန် တင်ပြအပ်ပါသည်။

Thanbyuzayat Watch

Myanmar CNN မှ တင်ဆက်သည်။
သတင်းများကို [email protected] သို့ ပေးပို့နိုင်ပါသည်။