လူငယ်နှင့် အလှမယ်များ

ပို့စ်တင်ချိန် - 1/09/2014 08:00:00 AM


လူငယ်အများစုမှာအလှတရားကို မြတ်နိုး ခြင်း၊စိတ်ဝင်စားခြင်း၊ကိုးကွယ်ခြင်းများရှိပါတယ်။ အလှတရားများတွင် အလှကိုယ်စီရှိပါတယ်။ သူ့ အဆင်း၊သူ့အလင်းနဲ့ သူ့အေ ရာင်များရှိပါတယ်။ ပတ်ဝန်းကျင်ကြောင့်ဖြစ်စေ၊ သူ့ဘာသာသူ ကြောင့် ဖြစ်စေ လင်းလက်နေတတ်ပါတယ်။

၁၉၈၅ တစ်ဝိုက်လောက်က ဖြစ်ပါတယ်။ ကျွန်တော်ရန်ကုန်စက်မှုတက္ကသိုလ်တက်နေတဲ့ အချိန်ကဖြစ်ပါတယ်။ ပထမနှစ်မောင်မယ်သစ်လွင် ကြိုဆိုပွဲ လုပ်ကြပါတယ်။ စက်မှုခန်းမအပေါက်မှာ စီနီယာကျောင်းသားများကပထမနှစ်မယ်သစ်လွင် ထဲကအလှဆုံးမယ်ကိုလိုက်လံရှာဖွေရွေးချယ်နေ ကြပါတယ်။ အဲဒီနှစ်မှာ ထူးခြားတဲ့ နှစ်ေ ယာက် ကို အားလုံး(စီနီယာ)စိတ်ဝင်စားကြပါတယ်။ မိတ် ကပ်နဲ့ပါးနီချယ်သပြီး နှုတ်ခမ်းနီအရောင် လက်လက်၊ ထဘီတိုတိုဝတ် ကျောင်းသူအသစ်နှစ်ဦးကို စက်မှု တက္က သိုလ် R.I.T ကျောင်းသားများ မျက်စိထဲ မှာ (အထူးသဖြင့် နယ်ကျောင်းသား) ဆွဲဆောင် နေသလိုတစ်မျိုးဖြစ်နေတယ်။အရပ်နည်း နည်း ပိုရှည်တဲ့ကျောင်းသူလေးကို Fresher Queen (ပထမနှစ်အလှမယ်) ပေးလိုက်ပါတယ်။

ဒါပေမဲ့ ဒီကျောင်းသူနှစ်ယောက်မှာ ကျောင်းသားများရဲ့ အနောက်အပြောင် ခံရဆုံးဖြစ်နေတယ်။အဲဒီနှစ်က ရွေးချယ်ခံရ တဲ့ပထမနှစ်အလှမယ်(Fresher Queen) နဲ့ သူ့သူငယ်ချင်းမှာလည်း ကာတွန်း သြထ ပေါ်မှာဖော်ပြခံခဲ့ရတယ်။ သူတို့ရဲ့ဝတ် စားပုံကို လှောင်ပြောင်တဲ့အရာများ ၃၊ ၄ပတ်လောက်ရေးပြီးတော့ ရေးသူများ မော သွားပါ တယ်။ သူတို့နှစ်ဦးရဲ့ ဝတ်စားပုံနဲ့ နှုတ်ခမ်းနီ၊ပါးနီများမှာ မပြောင်းလဲပါ။ ၁၉၈၈၊ မတ် ၁၃ ကိုဖုန်းမော်အရေးဖြစ်ပြီး ကျောင်း ပိတ်တဲ့တိုင်အောင်၊ အဲဒီနောက် ၁၉၉၅၊
ကျွန်တော်အကျဉ်းထောင်မှလွတ်ပြီး ကျောင်းပြန် တက်တဲ့အခါ သူတို့နှစ်ဦးကို ပဉ္စမနှစ် ကျောင်းသူများအဖြစ် ပြန်တွေ့ရပါတယ်။ အရင်အတိုင်းပါပဲ။ ဒါပေမဲ့ ကျောင်းထဲမှာ သူတို့လို ဝတ်စားပုံနဲ့ ကျောင်းသူများစွာ ရှိ လာလို့ လှောင်ပြောင်မှု မတွေ့ရတော့ပါ။ ခေတ်ပြောင်းလဲမှုက ကျောင်းသားများရဲ့ စိတ်ကို ပြောင်းလဲပြီး အလေ့အကျင့်များ အသစ် ဖြစ်သွားပါတယ်။

အဲဒီလိုနဲ့ ကျွန်တော်တို့လည်း ၁၉၉၆ ကျောင်းပြီး၊ ဘွဲ့တက်ယူတော့ အဲဒီကျောင်းသူ နှစ်ယောက်လည်း ပါပါတယ်။ဒီနှစ်ဦးမှာဘွဲ့နှင်း သဘင် ခန်းမမှာလည်း ပေါ်လွင် ပြီး လူသိသွားပါတယ်။

အဲဒီနှစ်ဦးမှာ မတင်မိုးလွင်နဲ့ မဂျယ်ဖြစ်ပါ တယ်။မဂျယ်မှာတော့ အပျိုစင်မဂ္ဂဇင်း အယ်ဒီတာ လုပ်ခဲ့တာကို ဖတ်ရပါတယ်။မတင်မိုးလွင် ကတော့ မော်ဒယ်အေဂျင်စီထောင် ထားပြီးနောက် အခုမော် ဒယ်မိခင်ကြီး ဖြစ်နေပါတယ်။

ကနေ့အချိန် အမျိုးသမီးအများစုရဲ့ ခေတ် မီတဲ့ဒီဇိုင်း၊ဝတ်စားပုံမှာ ကမ္ဘာမှာ အဆင့်မြင့်ပါ တယ်။ ဆက်ဆံမှုနဲ့ သွားလာလှုပ်ရှားမှုမှာ လည်း မြင့်ပါတယ်။နှစ်ပေါင်း ၁၆နှ စ်ကျော်(၁၉၉၆- ၂ဝ၁၃) အထိ အမျိုးသမီးအများစု ဒီလိုဖြစ်ရခြင်းမှာ မော် ဒယ်မိခင်ကြီး ဒေါ်တင်မိုးလွင်ရဲ့ ကျေးဇူးတရား များစွာ ပါပါတယ်။

ဖဆပလခေတ်၊မဆလခေတ်ဦးပိုင်း မယ်ပြိုင် ပွဲများမှာ ရေကူးဝတ်စုံအပြည့်(ခင်သန်းနု၊ မယ်ဗမာ စိန်အေး)ဝင်ပြိုင်ရပါတယ်။တချို့ပြိုင်ပွဲမှာ ဘောင်း ဘီတိုတိုနဲ့ အင်္ကျီကျပ် ကျပ်နဲ့ ဝတ်ပြိုင်ရပါတယ်။ အဲဒီအချိန်က နိုင်ငံတကာမယ်ပြိုင်ပွဲများ (မယ် စကြဝဠာ၊မယ်ကမ္ဘာ)ပြိုင်ပွဲများမှာ ပြိုင်ပွဲဝင်အမျိုး သမီးများဘစ်ကီနီဝတ်ပြီး ယှဉ်ပြိုင်ကြရပါတယ်။

ကျွန်တော်တို့နိုင်ငံက အမျိုး သမီးများလည်း အရင်တုန်းကဗလာထဘီ၊ နောက် ထဘီခြေမျက် စေ့၊ ထဘီတိုတို၊ နောက်ဘောင်းဘီရှည်၊ နောက် ဘောင်းဘီ တို၊နောက် စကတ်ရှည်၊ စကတ်တိုတို များ ဝတ်ဆင်လာပါတယ်။ မြန်မာအင်္ကျီမှာလည်းအင်္ကျီဝတ်စားပုံအမျိုးမျိုးပြောင်းလဲလာပါတယ်။
 ခေတ်လူငယ်များမျက်စေ့မှာအသားကျပြီးဖြစ်လာ ပါတယ်။ အဲဒီလိုပဲမယ်ပြိုင်ပွဲများမှာ မြန်မာအမျိုး သမီးများရေကူးဝတ်စုံအပြည့်နဲ့သာမက ပြည်တွင်း ပြိုင်ပွဲမှာလည်း ဘစ်ကီနီဖြင့် ဝတ်ဆင်ပြီး မယ်ကမ္ဘာ၊ မယ်စကြဝဠာ အထိဝင်ပြိုင်နေကြပါပြီ။ဒါကလည်း ပြိုင်ပွဲရဲ့သဘောသဘာဝအရဖြစ်ပါတယ်။အခုဆိုရင် အင်တာနက်၊ ဖေ့စ်ဘုတ်နဲ့ ကမ္ဘာ့သတင်းများမှာ မိုးစက်ဝိုင်တို့၊ခင်လပြည့်ဇော် တို့ကမ္ဘာကျော် မြန်မာ အမျိုးသမီးများအဖြစ် လူသိများလာပါတယ်။ ကျွန်တော် ပြန်စဉ်းစားမိတယ်။ရိုးရိုးလေးပါပဲ။ R.I.T ကျောင်းသူ နှစ်ဦး၊မတင်မိုးလွင်နဲ့ မဂျယ်တို့ရဲ့ မပြောင်းလဲတဲ့ စိတ်ဓာတ်နဲ့ဝတ်စားဆင်ယင်မှုဟာ ကနေ့အမျိုးသမီး လောကတစ်ခုလုံးခေတ်မီစေပါပြီ။မိုးစက်ဝိုင် အပါ အဝင်မယ်အားလုံးဒေါ်တင်မိုးလွင်တပည့် မဟုတ် ရင် တောင်သူ့ကို ကျေးဇူးတင်သင့်ပါတယ်။

အောင်ထွန်း
Popular Journal