အင်တာနက်ပေါ်တွင် ၀ါဒဖြန့်ထားသည့် မွန်မလေးတစ်ဦးကို တပ်မတော်သားတစ်ဦးက အဓမ္မကျင့်သည့် သတင်းမမှန်ပါဟုဆိုခြင်းမှာ လိမ်လည်ခြင်းသာဖြစ်

ပို့စ်တင်ချိန် - 1/09/2014 09:41:00 AM


အင်တာနက်တွင် ၀ါဒဖြန့်ထားသည့် တပ်မတော်သားတစ်ဦးမှ ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ ကျုံညဲကျေးရွာနေ မွန်တိုင်းရင်းသူအား မုဒိန်းကျင့်မှုဖြစ်ပွားသည့်သတင်းမှာ မှန်ကန်မှုမရှိကြောင်း သက်ဆိုင်ရာ တပ်ရင်းနှင့် ကာယကံရှင်မိဘများထံမှ သိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာတပ်ရင်းမှ အရာရှိတစ်ဦးက ``တပ်သား သန်းဝင်းက မ၀ုကို ကြိုက်နေတာပါ။ ကြိုက်နေတော့ လူငယ်တို့ သဘာဝ ရည်းစးစကားလိုက်ပြောရင်း လက်ကို ဆွဲလိုက်မိတယ်။ အဲဒါကို မ၀ုက မကျေနပ်လို့ တပ်ရင်းကို လာတိုင်တာပါ´´ ဟု ပြောကြားခဲ့သည်။

``အသက်(၁၃)နှစ်ပဲရှိသေးတဲ့သမီးကို ရည်စားစကားလိုက်ပြောတာ ဘယ်မိဘက လက်ခံမှာလဲ၊ ရည်းစား စကာပြောရုံတင်မဟုတ်ဘူး။ လက်ကိုပါဆွဲတော့ မ၀ုက ရှက်ပြီး ငိုယိုပြီးပြန်လာတယ်။ မိဘတွေက အဲဒီလို လက်ဆွဲတာကို မကျေနပ်လို့ သက်ဆိုင်ရာ တပ်ရင်းကို သွားတိုင်ခဲ့တာပါ´´ ဟု ကျုံညဲရွာမှ လိုက်လံဖြေရှင်းပေး ခဲ့သော ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

ဒီဇင်ဘာ ၂၄ ရက် ည ၁၀ နာရီခန့်တွင် ကျေးရွာအုပ်စုဥက္ကဋ္ဌ ဦးထွန်းကြည်၊ ရပ်မိရပ်ဖ(၂)ဦး၊ ကာယကံရှင် မ၀ု နှင့် မိဘနှစ်ပါးတို့က တပ်ရင်းသို့ လာရောက်တိုင်ကြားခဲ့ရာ သက်ဆိုင်ရာ တပ်ရင်းမှ ကာယကံရှင်များ ကျေနပ်သည်အထိ ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကာယကံ၇ှင်မိန်းကလေးမ၀ုအား တပ်သား သန်းဝင်းမှ လက်ဆွဲပြီး ရည်းစားစကားလိုက်ပြောသည်မှာ မှန်ကန် သဖြင့် အဆိုပါစစ်သည်အား ကာယကံရှင်များအား ၀န်ချတောင်းပန်စေခဲ့ပြီး ဒီဇင်ဘာ ၂၆ ရက်နေ့မှစ၍ တပ်တွင်းအချုပ်(၂၈)ရက် ပြစ်ဒဏ်ချမှတ် အရေးယူဆောင်ရွက်ခဲ့ကြောင်း ယင်းတပ်ရင်းမှ အရာရှိတစ်ဦးက ပြောကြားသွားခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သော စစ်သည်အား အရေးယူဆောင်ရွက်ထားပြီး ၀န်ချတောင်းပန် ခဲ့မှုအပေါ် ကာယကံရှင်မ၀ုနှင့် မိဘများကိုယ်တိုင် ကျေအေးခဲ့ကြပြီးဖြစ်၍ အင်တာနက်ပေါ်တွင် ပျံ့နှံ့နေသော မုဒိန်းမှုဖြစ်ပွားခဲ့သည်ဟူသော သတင်းမှာ မှန်ကန်မှုမရှိကြောင်း သက်ဆိုင်ရာ အသိုင်းအ၀ိုင်းများထံမှ သိရှိရ ပါသည်။

နိုင်လထော်
By Ko Aung Moe fb
New Myanmar Pyi

အထက်ပါသတင်းမှာ လိမ်လည်ရေးသားခြင်းဖြစ်ပြီး သတင်းအမှန်ကို
မွန်ပြည်နယ်မှ မုဒိမ်းမှုသတင်း ဖြစ်ကြောင်းအမှန်နှင့် တိုင်ကြားစာ တွင် ဖတ်ရှုနိုင်ပါသည်။