ခွေးလည်ပင်းမှာ မီးပန်းတပ်ပြီး လည်ပင်းပြတ်အောင် ဖောက်ခွဲခဲ့တဲ့ အကြင်နာကင်းမဲ့သူ

ပို့စ်တင်ချိန် - 1/09/2014 08:15:00 PM


မီးရှူးမီးပန်းရောင်းသူတစ်ယောက် ဖြစ်တဲ့ ၀ါရှင်တန်ဒီစီ နေ ၊ ခရစ်စတိုဖာ ၀ိန်း ၊ ၄၅ နှစ်ဟာ သူ့ ရဲ့ ခွေးကိုယ်တွင်းမှာ နတ်ဆိုး ပူးကပ်နေတယ်ထင်ပြီး မီးရှူးမီးပန်းတွေကို ခွေးရဲ့ လည်ပတ်မှာ တွဲချီပြီး ဖောက်ခွဲခဲ့ပါတယ်။ ဒီပြစ်မှုကြောင့် ခရစ်စတိုဖာဝိန်း ကို သြဂတ်လမှာ ဖမ်းဆီးပြီး ရုံးတင်ခဲ့ပါတယ်။ ခရစ်စတိုဖာကို ဖမ်းဆီးခဲ့တဲ့ အချိန်မှာ ခရစ်စတိုဖာက သူဟာ ကောင်းကင်ဘုံသို့ ကယ်ယူခြင်း ခံရမယ်လို့  ထင်မှတ်နေပါတယ်တဲ့။

သူ့ ရဲ့ ခွေးလည်ပတ်မှာ တွဲချည်လိုက်တဲ့ မီးရှူးမီးပန်းတွေရဲ့ ပေါက်ကွဲသံက အိမ်နီးချင်းတွေကို လန့် ဖျန့်စေခဲ့ပြီး ရဲကို အကြောင်းကြားခဲ့ရာမှာ ခရစ်စတိုဖာကို ဖမ်းဆီးနိုင်ခဲ့တာပါ။ ရဲတွေ ရောက်ရှိတဲ့အချိန်မှာတော့ ခွေးဟာ လည်ပင်းက မီးရှူးမီးပန်းတွေ ပေါက်ကွဲမှုကြောင့် ခေါင်းပြတ် သေဆုံးနေပါပြီ။ ဒီ ကာဘီလာ လို့ ခေါ်တဲ့ သုံးနှစ်သားအရွယ် လာဘရာဒေါ ခွေးလေးကို သူ့ ရဲ့ ရည်းစားဟောင်းက လက်ဆောင်ပေးခဲ့တာပါ။

ခရစ်စတိုဖာဟာ ရုံးတော်မှာ တိရစ္ဆာန်ညှင်းပန်းမှု ရယ်၊ အန္တရာယ်ရှိတဲ့ ပေါက်ကွဲပစ္စည်းလက်ဝယ်ရှိမှုရယ်နဲ့  အမှုရင်ဆိုင်ရမှာ။ သူ့ ရဲ့ပြစ်မှုကို သောကြာနေ့ မှာ ချမှတ်မယ်လို့ သိရပါတယ်။

Ref:mirror.co.uk
By Trend Myanmar