နား၊ နှာခေါင်းနှင့် လည်ချောင်းဆိုင်ရာ ရောဂါများ သတိထား

ပို့စ်တင်ချိန် - 1/09/2014 05:26:00 PM




နှာခေါင်းနှင့် လည်ချောင်းသည် လူ့ကိုယ်ခန္ဓာ၏ အဓိက အရေးကြီးသော အင်္ဂါဖြစ်ပြီး အသက်ရှူသွင်း ရှူထုတ်ရာနှင့် စကားပြောရာတွင် အဓိက အရေးပါသည်။ ယခုခေတ်တွင် စက်မှုလုပ်ငန်းများ ခေတ်မီဖွံ့ဖြိုး တိုးတက်လာသည်နှင့် အမျှ ပတ်ဝန်းကျင် လေထုသည်လည်း ညစ်ညမ်းလာသောကြောင့် နှာခေါင်း ရောင်နာနှင့် လည်ချောင်းရောင် ရောဂါ အမျိုးမျိုး ဖြစ်ပေါ်လာသည်။

ယင်း ရောဂါများ၏ လက္ခဏာများသည် နှာချေခြင်း၊ နှာရည်ယိုခြင်း၊ နှာခေါင်းပိတ်ခြင်း၊ နှာပြည်ရည်ယိုခြင်း၊ လည်ချောင်းတွင်း ခိုးလိုးခုလု ဖြစ်၍ ထွေးထုတ်မရ၊ မျိုချမရ ဖြစ်ခြင်း၊ လည်ချောင်း ခြောက်ခြင်း၊ နာခြင်း၊ ချွဲသလိပ်ကပ်ခြင်းနှင့် အော်ဂလီဆန်ခြင်းတို့ ဖြစ်တတ်သည်။

နှာခေါင်းရောဂါ မဖြစ်ရန် ရှောင်ရမည့် အချက်များမှာ နှာခေါင်းအတွင်း လက်ဖြင့် မကြာခဏ ထိုး၍ ပွတ်ခြင်း မပြုလုပ်သင့်။ နှာခေါင်းတွင်းရှိ အပေါ်ယံ မြှေးပါးများသည် နူးညံ့လွန်းသောကြောင့် လက်ဖြင့် ပွတ်ခြင်းဖြင့် ဗက်တီးရီးယား ပိုးများ ဝင်ရောက်ခြင်းတို့ ဖြစ်သည်။

ရောဂါပိုး ရှိ၊ မရှိ သိရှိနိုင်သော လက္ခဏာများမှာ နံနက် အိပ်ရာထချိန်တွင် အဆက်မပြတ် နှာချေခြင်း၊ နှာရည် ယိုခြင်း၊ နှာပိတ်ခြင်း၊ နှာခေါင်းအတွင်း အမြဲ ယားနေခြင်း၊ နံနက် အိပ်ယာထချိန်တွင် ခေါင်းမူး၊ ခေါင်းကိုက်၍ ချွဲသလိပ်များ လည်ချောင်းတွင်း ပြည့်စို့နေခြင်း စသော လက္ခဏာများ တစ်လအတွင်း ဆက်တိုက်ဖြစ်ပွား ပါက ဆရာဝန်ဖြင့် အမြန်ဆုံး ပြ၍ ကုသသင့်ပေသည်။ ။

သိုက်ရာဇာ
မြ၀တီ