သံဖြူဇရပ်မြို့ မူးယစ်ဆေး လက်ဝယ်ထားရှိ သုံးစွဲသူ လူငယ်တစ်ဦး ဖမ်းဆီးရမိ

ပို့စ်တင်ချိန် - 1/09/2014 11:44:00 AM


သံဖြူဇရပ်မြို့ ဇန်နဝါရီ ၇ ရက် အင်္ဂါနေ့

သံဖြူဇရပ်မြို့မ ရဲစခမ်း၌ ခေတ္တ နယ်ထိန်းခေါင်ဆောင် ဒုရဲအုပ် ကျော်ဆန်း တာဝန်ထမ်းဆောင်နေစဉ် ကျော်စိုမိုး(ခ)သားကြီး (သ)၂၅နှစ် (ဘ)ဦးတင်စိုး သံဖြူဇရပ်မြို့ စက်သစ်ရပ်ကွက် နေထိုင်သူသည် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ငြိမ်းချမ်းမြိုင် /တောင်ဒီကျေးရွာဘက်မှ မုဒုံမြို့နယ် အဘစ်ကျေးရွာလမ်းအတိုင်း သံဖြူဇရပ်မြို့ နေထိုင်ရာ နေအိမ်သို့စိတ်ကြွရူးသွပ်ဆေးပြားများ သွားရောက်ဝယ်ယူပြီး လက်ဝယ်ထားရှိ သုံးစွဲနေကြောင်း သတင်းရရှိသဖြင့် ဒုရဲအုပ် ကျော်ဆန်းအဖွဲ့ နှင့်အတူ သက်သေ ဦးအောင်ကိုလတ် ၊ဦးသောင်ငွေ  အပါအဝင်  စက်သစ်ရပ်ကွက် သီတာလမ်းအတွင်း စောင့်ဆိုင်းနေစဉ် ၁၅၃၀ အချိန် ကျော်စိုးမိုး(ခ)သားကြီး ပြန်လာသည်ကိုတွေ့ရှိ ဖမ်းဆီးရာ အဖမ်းမခံဘဲ ထွက်ပြေး တိမ်းရှောင်ရာမှာ ၄င်းဝတ်ဆင်ထားသော အနက်ရောင် ဂျာကင်ချွတ်၍ ထွက်ပြေးခဲ့သဖြင့် ပိတ်ဆို့ဖမ်းဆီးခဲ့ရပြီး သက်သေများနှင့်အတူ ဂျာကင်ကို ရှာဖွေခဲ့ရာ wy စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား(၅)ပြား ၊ ကာလတန်ဖိုး ၃၀၀၀၀ကျပ် အားဖမ်ဆီးရမိခဲ့ကြောင်း ၊ဤဖြစ်စဉ်နှင့်ပတ်သက်၍ သံဖြူဇရပ်မြို့မ ရဲစခန်း မှ စိတ်ကြွရူးသွပ်ဆေးပြား လက်ဝယ်ထားရှိ သုံးစွဲသူ ကျော်စိုးမိုး(ခ) သားကြီး အား မယ(ပ)၁/၂၀၁၄ မူးယစ် စိတ်ပြောင်းပုဒ်မ  ၁၅/၁၆( ဂ)ဖြင့် အမှုဖွင့်လှစ်ထားရှိကြောင်း သတင်းရရှိပါသည်။
Thanbyuzayat Watch

Myanmar CNN မှ တင်ဆက်သည်။
တိုင်ကြားစာများကို [email protected] သို့ ပေးပို့နိုင်ပါသည်။