ငါးနှစ်ကျော်အအတွင်း စားသုံးရန်မသင့်သည့် အစားအစာနှင့်ဆေးဝါး သိန်း ၅,၀၀၀ ကျော်ဖိုး မီးရှို့ဖျက်ဆီး

ပို့စ်တင်ချိန် - 2/10/2014 12:30:00 PM



ဖြိုး|ဖေဖော်ဝါရီ ၁၀ ရက်၊ တနင်္လာနေ့၊ ၂၀၁၄ ခုနှစ်။

မန္တလေးမြို့တော် စည်ပင်သာယာရေးနယ်နိမိတ်အတွင်း သိမ်းဆည်းရရှိသော စားသုံးရန်မသင့်သည့် အစားအစာနှင့် ဆေးဝါးများကို ၂၀၀၉ ခုနှစ်မှ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလအထိ ငါးနှစ်ကျော်အတွင်း ကျပ် သိန်းငါးထောင်ကျော်ဖိုး မီးရှို့ဖျက်ဆီးခဲ့ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ သန့် ရှင်းရေးဌာနမှ ဌာနခွဲမှူး ဦးစိုးတင့်အောင်က ပြောသည်။

“အထူးသဖြင့် စားအုန်းဆီနဲ့ သက်တမ်းလွန်ဆေးဝါးတွေ အများဆုံး စစ်ဆေးတွေ့ရှိရတယ်။ အဲဒါတွေကို ဓာတ်ခွဲခန်းခွင့်ပြုချက်အရ စားသုံးရန်မသင့်ဆိုရင် မီးရှို့ဖျက်ဆီးပစ်တယ်”ဟု ၎င်းက ပြောသည်။

အများပြည်သူ ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်စေနိုင်သည့် စားသုံးရန်မသင့်သော အစားအစာနှင့် ဆေးဝါးများကို မန္တလေးမြို့ရှိ ဈေးကြီးများတွင် ရောင်းချနေသော ဆိုင်များကို ရှောင်တခင်စစ်ဆေးခြင်း များ ဆောင်ရွက်ကာ သိမ်းဆည်း ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

၎င်းစစ်ဆေးခြင်းမှ ရရှိလာသော နမူနာအစားအစာနှင့် ဆေးဝါးများကို မန္တလေးတိုင်းဒေသကြီး၊ ကျန်းမာ ရေးဝန်ကြီးဌာန၊ ဆေးဝါးနှင့် အစားအသောက်ကွပ်ကဲရေးဦးစီးဌာနတွင် ဓာတ်ခွဲစမ်းသပ်ကာ စားသုံးရန် မသင့်ဟု အတည်ပြုရရှိလာသော အစားအသောက်နှင့် ဆေးဝါးများကို ခြောက်လတာအတွင်း သိမ်း ဆည်း၍ ယခုကဲ့သို့ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

ဖျက်ဆီးခဲ့သော ပစ္စည်းများမှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ စားသုံး သူအကာအကွယ်ပေးရေးအဖွဲ့နှင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ သန့်ရှင်းရေးဌာနတို့ ပူးပေါင်းကာ မြို့တော်စည်ပင်နယ်နိမိတ်အတွင်းရှိ ဈေးများကို ရှောင်တခင်စစ်ဆေးမှုဆောင်ရွက်ခြင်းမှ သိမ်းဆည်းရရှိသော ပစ္စည်းများဖြစ်သည်။

အဆိုပါ စားသုံးရန်မသင့်သည့် အစားအစာအများစုသည် မန္တလေးမြို့ပြင်ပမှ ၀င်ရောက်လာသည့် အစား အစာများဖြစ်သည်ကို စစ်ဆေးတွေ့ရှိရသည်။

အများပြည်သူ ကျန်းမာရေးအန္တရာယ်ဖြစ်စေနိုင်မည့် စားသုံးရန်နှင့် အသုံးပြုရန် မသင့်သည့် အစားအစာ၊ ဆေးဝါးနှင့် လူသုံးကုန်ပစ္စည်းများကို ရောင်းချနေသည်ကို တွေ့ရှိပါက အထက်ပါဌာနနှစ်ခုကို တိတိကျ ကျ ဖော်ပြတိုင်ကြားနိုင်ကြောင်း သိရသည်။

Mizzima