လက်ဖက်ရည်ဆိုင်တွင် မူးယစ်ဆေး ဖြန့်ဖြူးရောင်းချသူတစ်ဦး ဖမ်းဆီးရမိ

ပို့စ်တင်ချိန် - 2/10/2014 12:31:00 PM



ဇော်ဇော်ထွေး|ဖေဖော်ဝါရီ ၁၀ ရက်၊ တနင်္လာနေ့၊ ၂၀၁၄ ခုနှစ်။

ဗဟန်းမြို့နယ် ဗိုလ်ချို (၂)ရပ်ကွက်ရှိ မော်ဒန်လက်ဖက်ရည်ဆိုင်တွင် မူးယစ်ဆေးဖြန့်ဖြူးရောင်းချသူ တစ်ဦးကို ဖေဖော်ဝါရီ ၈ ရက် မွန်းလွဲပိုင်းက ဖမ်းဆီး ရမိလိုက်သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

မူးယစ်ဆေးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့သည် ညနေ ၃ နာရီခွဲအချိန်တွင် တာမွေ လမ်းမကြီးပေါ်ရှိ မော်ဒန်လက်ဖက်ရည်ဆိုင်သို့ ၀င်ရောက်ရှာဖွေခဲ့ကြခြင်း ဖြစ်သည်။

ထို့နောက် လက်ဖက်ရည်ဆိုင်အတွင်း စားပွဲခုံတွင် ထိုင်နေသူ မင်္ဂလာတောင်ညွန့် မြို့နယ် ကန်/အရှေ့ ရပ်ကွက်နေ မောင်မောင်လွင် (၄၅)နှစ် ဖုန်းပြင်သူကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ဆောင်စစ်ဆေးခဲ့ သည်။

ထို့ကြောင့် ၎င်းဝတ်ဆင်သည့် အင်္ကျီလက်ရှည် ၀ဲဘက်အိတ်ကပ်အတွင်းမှ အပြာရောင်တိပ်အပိုင်းဖြင့် ပတ် လျက် ငွေကျပ်ငါးသောင်းတန်ဖိုးရှိ စာတန်းပါ ပန်း ရောင်စိတ်ကြွရူးသွပ်ဆေးပြား ငါးပြား စီပါသည့် အအေးစုပ်ပိုက်နှစ်ချောင်းကို တွေ့ ရှိခဲ့သည်။

ယင်းအပြင် ငွေကျပ် ငါးသောင်းကိုး ထောင်ရှစ်ရာတန်ဖိုးရှိ WY ဟုယူဆရသည့် မူးယစ်ဆေးဝါး ၂ ဒသမ ၉၉ဂ ရမ်ကို မူးယစ်ဆေးဝါးရောင်းဝယ်ရာတွင် အသုံးပြု သည့် ဖုန်းတစ်လုံးနှင့်အတူ ဖမ်းဆီးရမိ ခဲ့သည်။

ထို့ကြောင့် မောင်မောင်လွင်ကို အရေးယူပေးရန် ရဲအုပ်ဝင်းနိုင်က တရားလိုပြုလုပ် တိုင်တန်းသဖြင့် ဗဟန်း ရဲစခန်းက မယ (ပ) ၃/၂၀၁၄ဖြင့် အမှုဖွင့်ပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါး များဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၆ (ဂ)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။



Mizzima