လှည်းကူးမြို့ ရှိ ဗိုလ်ချုပ် ခင်ညွန့် ပိုင်ဆိုင်ခဲ့သော မြေနေရာ တွင် ကျူးကျော်တဲ တစ်ရာ နီးပါး တိုးချဲ့ နေထိုင် မှု ရှိလာ

ပို့စ်တင်ချိန် - 2/10/2014 12:08:00 AM


လှည်းကူး မြို့နယ် ကျောက် ကုတင် ကျေးရွာ အုပ်စု အတွင်း ရှိ ဗိုလ်ချုပ်ကြီး ဟောင်း ခင်ညွန့် ပိုင် ဆိုင် ခဲ့ သော မြေနေရာ တွင် ကျူး ကျော် တဲ တစ်ရာ နီးပါး တိုးချဲ့ နေထိုင် မှုများ ရှိလာ ကြောင်း ဒေသခံ များ၏ ပြော ကြားချက် အရ သိရသည်။

အစတုန်းက တစ်နေရာ ကျပ်နှစ်သောင်း သုံးထောင်ပဲရှိတယ်။ အခု ဆယ့်လေးငါးသိန်း အထိ ပေါက် တယ်။ အဲဒီအနားမှာ ခြံခတ်ဖို့ ၀ါးဓနိရောင်းနေတာရှိတယ်။ ကျွန်တော်တို့က ဈေးကြီး တော့ မ၀ယ်နိုင်တော့ဘူး ဟုလှည်း ကူးမြို့မှ ဒေသခံဆိုင်ကယ်ကယ်ရီသမားတစ် ဦးက The Messenger သတင်းစာသို့ပြော သည်။

အ ဆိုပါ မြေနေရာသည်ယခင်ဗိုလ်ချုပ် ကြီးဟောင်း ဦးခင်ညွန့် ပိုင်ဆိုင်ခဲ့ကာ အစိုးရမှ လေလံတင်ရောင်းချခဲ့သဖြင့် ကုမ္ပဏီတစ်ခုမှ လေလံအောင်ခဲ့ပြီး၊ နှစ်သုံးဆယ်ဂရန် ရရှိခဲ့ ကြောင်း၊ အဆိုပါ မြေ နေရာ တွင် နေထိုင်နိုင် ရန် NLD ပါတီ လှည်းကူးမြို့ ပြည်သူ့လွှတ် တော်ကိုယ်စား လှယ်ဦးဖြိုးမင်းသိန်းမှစီစဉ် ပေး သည် ဟု သတင်း များ ထွက်နေသောကြောင့်၊ ယခုအခါ NLD မှ စုံစမ်းနေပြီဖြစ်ကြောင်း၊ လှည်းကူး NLD ပါတီဝင်များက ပြောသည်။

အဆိုပါ ကျူးကျော်နေထိုင်သူများ သည် လှည်းကူးမြို့မှ ဒေသခံများ ဖြစ်ပြီး၊ ယခင်က ဆယ် ပေပတ် လည် တစ်ကွက်လျှင် ကျပ် သောင်းဂဏန်းဖြင့်ရောင်းချခဲ့ခြင်းဖြစ် သော်လည်းယခုအခါသိန်းဆယ်ဂဏန်းအထိ ရောင်းဝယ်မှု ပြုလုပ်နေကြကြောင်း၊

ဝယ်ယူ သူများထဲတွင် နာမည်ကြီးသူဋ္ဌေးတချို့လည်း ပါဝင်ပြီး ကျူး ကျော် များ အား လက်ညှိုးထိုး ခြံခတ်ရောင်းစားသော လူတန်းစားတစ်ရပ် ရှိနေကြောင်းလည်း ဒေသခံစီးပွားရေးသမား အချို့က ဆိုသည်။ အဲဒီကိစ္စ တရားရုံးမှာ တရားစွဲဆို ထားပါတယ်။

အဲဒါ ပုဂ်္ဂလိက ပိုင်ဆိုင်မှု ဖြစ်နေ တယ်။ အ စိုး ရက စီမံတဲ့ မြေပေါ်မှာ ကျွန်တော် တို့က ဆောင်ရွက်လို့ ရပါတယ်”” ဟု လှည်း ကူး မြို့နယ်ဦးစီးမှူး ဦး အောင်ကိုက The Messenger သတင်းစာသို့ ပြောသည်။

လှည်းကူးမြို့၊ ကျောက်ကုတင်ကျေးရွာ အုပ်စုထဲတွင် ယခင် ဗိုလ်ချုပ်ကြီးဟောင်းများ ပိုင်ဆိုင်သော ခြံ များ ရှိနေကာ၊ ဗိုလ်ချုပ်မှူး ကြီး သန်းရွှေ၏ သမီး ခြံ၊ ဗိုလ်ချုပ်တင်ဦး၏ ခြံများလည်း ပါဝင်ကြ ကြောင်း ဒေသခံ များ က ဆိုသည်။

ယခုအခါတွင် လှည်းကူးမြို့နယ်အ တွင်းရှိ သမီးလေးရွာ အပါအ၀င် ကျေးရွာ လေးရွာမှ နေ ထိုင်သူများအား စစ်တပ်မြေတွင် နေထိုင် သူများဟု ပြောဆိုကာ သက်ဆိုင်ရာမှ နေအိမ်များ ဖျက်ဆီးမှုကြောင့် နေထိုင်သူများ အခက်တွေ့လျက်ရှိကြောင်း သိရသည်။

Messenger News Journal