ရခိုင်ပြည်နယ် ဓါတ်ပုံနှင့် ဗီဒီယိုအသင်းမှ စစ်တွေတွင် ဆန္ဒပြမည်

ပို့စ်တင်ချိန် - 2/10/2014 10:57:00 AM

စစ်တွေ တက္ကသိုလ် ကျောင်းအုပ်ဆရာကြီးမှ ၁၁ ကြိမ်မြှောက် ဘွဲ့နှင်းသဘင် အတွက် ဒေသအတွင်းမှ ဓါတ်ပုံတိုက်များအား လေလံမပေးဘဲ ရန်ကုန်မှ သဂီရွှေရည် ဓါတ်ပုံတိုက်အား လေလံပေးခြင်း အပေါ် မကျေနပ်သဖြင့် ရခိုင်ပြည်နယ် ဓါတ်ပုံနှင့် ဗီဒီယို ပညာရှင်များ အသင်းမှ ယနေ့ ဖေဖေါ်ဝါရီလ ၁၀ ရက် နေ့လယ် ၁၂ နာရီတွင် စစ်တွေ တက္ကသိုလ် ဟောင်းရှေ့တွင် ဆန္ဒပြသွားမည်ဟု ယင်းအဖွဲ့၏ ဘဏ္ဍာရေးမှူး ဖြစ်သူ ဦးမောင်ခင်ဝင်းက ပြောသည်။

(၁၁) ကြိမ်မြှောက် ဘွဲ့နှင်းသဘင်အတွက် ဓါတ်ပုံ ရိုက်ခွင့် လေလံကို ရခိုင်ပြည်နယ် ဓါတ်ပုံနှင့် ဗီဒီယို ပညာရှင်များ အသင်းမှ ကျပ်သိန်း (၁၀၅) သိန်းထိ ပေးခဲ့သောလည်း လစ်လျူရှု့ကာ ကျပ် သိန်း (၉၀) ဖြင့် ရန်ကုန်မှ သဂီင်္ရွှေရည် ဓါတ်ပုံတိုက်ကို ပေးလိုက်သည်သဖြင့် ဓါတ်ပုံနှင့် ဗီဒီယို ဆရာများ အသိုင်းအ၀ိုင်းအကြား မကျေနပ်မူများ တိုးပွားနေသည်ဟု သိရသည်။

ဆန္ဒပြရန် အတွက် ခွင့်ပြုချက်ထားရရှိထားပြီ ဖြစ်ကြောင်း၊ အသင်းသူ အသင်းသားများအားလုံး စုစည်းညီညွှတ်စွာဖြင့်ဆန္ဒပြသွားမည်ဟု ဆိုသည်။

Narinjara