ခင်ဦးမြို့ရှိ ကြက်မွေးမြူးရေးခြံ ၂၀ မီးလောင် ကြက်အကောင်( ၇၅၆၅) သေဆုံးခဲ့

ပို့စ်တင်ချိန် - 2/10/2014 09:57:00 AM


ခင်ဦး၊ ဖေဖော်ဝါရီ 9

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အဓိကအားထားလုပ်ကိုင်သည့် စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့၏ အရှေ့ဘက် ၄ မိုင် ခန့်နေရာရှိ မွေးမြူရေးဇုန်ကြီးသည် ယခုလ ၇ ရက်နေ့ ၁၂ နာရီ ၁၅ မိနစ်အချိန်က မီးလောင်ကျွမ်းမှုဖြစ်ခဲ့ရာ မွေးမြူရေးခြံ ပေါင်း ၂၀ အား မီးကူးဆက်လောင်ကျွမ်းခဲ့ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးက ပြောသည်။

ကြက်မွေးမြူရေးခြံများ မီးလောင်ကျွမ်းခဲ့ရသည့်အတွက် ကြက်အကောင်ရေ( ၇၅၆၅)ကောင်မှာ မီးလောင်သေဆုံးခဲ့ရပြီး ခန့် မှန်းတန်းဘိုး ငွေကျပ် ( ၃၇၇၅၀၀၀၀)ဖိုးခန့် ဆုံးရှုံးခဲ့ရသည်ဟု ဒေသဆိုင်ရာ မီးသတ်တပ်ဖွဲ့မှ မှတ်တမ်းများရယူထားကြောင်း သိရသည်။ ထို့အပြင် ကြက်မွေးမြူရေးခြံ (၂၀) မီးလောင်ခဲ့ရသည့်အတွက်လည်း မီးလောင်ဆုံးရှုံးမှုတန်းဘိုအား ငွေကျပ် ( ၁၀၂ ၆၅၀၀)ဖြစ်သည်ဟု တွက်ချက်ထားခဲ့ရာ မီးလောင်ဆုံးရှုံးမှု နှစ်ရပ်အား ငွေကျပ်( ၃၈ ၇၇ ၆၅ ၀၀) ဖြစ်ကြောင်း သိရ သည်။

မီးစတင်လောင်ကျွမ်းရသည့် အခြေအနေအား သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးရာတွင် ကိုသန်းဇော် ဆိုသူ၏ ကြက်ခြံတွင် ည စောင့်လုပ်သားအဖြစ် လုပ်ကိုင်နေသူ ခင်ဦးမြို့နယ်၊ မြကန်သာရပ်ကွက် မဌေးဌေးအောင် အသက်(၁၉)နှစ်ဆိုသူ၏ ကြက်ခြံ မီးကြွင်းမီးကျန်များတဆင့် ဘေးပတ်ဝန်းကျင်ရှိခြံများသို့ ကူးဆက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာ၏ စစ်ဆေး ပေါ်ပေါက်ချက်များအရ သိရသည်။

မီးလောင်ကျွမ်းခဲ့သည့် ကြက်မွေးမြူရေးခြံ ၂၀ မှာ ဦးသန်းဇော်(ခ) ဦးချက်နီ၊ ဦးနိုင်ဝင်းဆွေ၊ ဦးကျော်အောင်၊ ဦးအောင် မျိုးငြိမ်း၊ ဦးလှမြင့်၊ ဦးမာတင်လေး၊ ဦးကျော်မင်းထွေးနှင့် ဒေါ်လွင်လွင်သန်း ဆိုသူများ၏ ကြက်ခြံများဖြစ်သည်ဟု ဒေသဆိုင် ရာ အရံမီးသတ်တစ်ဦးက ပြောသည်။

အဆိုပါ မီးလောင်ကျွမ်းမှုနှင့်ပတ်သက်၍ ကနဦး မီးစတင်လောင်ခဲ့သည့် ကြက်ခြံအား ခင်ဦးမြို့မရဲစခန်းက(ပ) ၃၃/ ၂၀၁၄ ပြစ်မှုပုဒ်မ ၂၈၅ အရ အမှုဖွင့်အရေးယူထားကြောင်း ရဲဌာနရှိ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့ မနက် ၁၁ နာရီအချိန်ခန့်က မုံရွာမြို့၏ ကြက်/ငုံး မွေးမြူရေးဇုန်ကြီး မီးလောင်ကျွမ်းခဲ့ရာ မွေးမြူရေးခြံ(၂၂)ခြံ မီးလောင်ဆုံးရှုံးခဲ့ရသည်။ စစ်ကိုင်းတိုင်းအတွင်း ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်၏ တစ်နှစ်တာ ကာလအတွင်း မီးလောင်ကျွမ်းမှုဖြစ်စဉ်အကြိမ်ရေ(၁၆၃)ကြိမ်ရှိခဲ့သည်။ မီးလောင်ကျွမ်းမှုကြောင့် လူနေအိမ် (၆၆၂)အိမ်ဆုံးရှုံးခဲ့ရပြီး တရိစ္ဆာန်အကောင်ရေ (၄၁၉၈၈)ကောင်မီးလောင်သေဆုံးခဲ့ရသည်။ ထို့အပြင် လူလေးဦး သေဆုံးခဲ့ ရပြီး လူနှစ်ဦး မီးလောင်ဒဏ်ရာများရရှိသည်ဟု မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ထားကြောင်း သိရှိရသည်။

သတင်း + ဓာတ်ပုံ = ကိုတိုးကြီး (ဖေ့ဘုတ်)