အလေးချိန် ၁၅ တန်ခန့်ရှိ ကျောက်စိမ်းအရိုင်းတုံးကြီး ဖားကန့် ဝှေခါရွာအနီး တွေ့ရှိ

ပို့စ်တင်ချိန် - 2/13/2014 12:04:00 AM

ဖားကန့်မှ မိုင်းတွင်းနယ်မြေတစ်ခု

ဒဏ္ဍာရီ(ပျဉ်းမနား)၊ ဖားကန့်၊ ဖေဖော်ဝါရီ-၁၁

ဖေဖော်ဝါရီ ၉ ရက် ညနေ ၅ နာရီက ဖားကန့်မြို့နယ် ဆိပ်မူ
ကျေးရွာအုပ်စု ဝှေခါကျေးရွာနတ်ကြီးစင် အဟောင်းအောက်
မော်သောင်းကျေးရွာအဆင်းလမ်းတွင် အရွယ်အစား အလွန်ကြီး မားသော
ကျောက်စိမ်းအရိုင်းတုံးကြီးတစ်တုံးတွေ့ရှိကြောင်း ဝှေခါကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်မင်းက အကြောင်းကြားခဲ့သည်။ ဖားကန့် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့မရဲစခန်းမှူးနှင့် အဖွဲ့များသွားရောက်ကြည့်ရှုရာ ဝှေခါကျေးရွာရတနာကြယ်ကုမ္ပဏီ၊ တစ်သုံးလုံးကုမ္ပဏီ၊ ဧရာရတနာကုမ္ပဏီလုပ်ကွက်များနှင့် မျက်နှာ ချင်းဆိုင် ပေ ၁၅၀၀ ခန့်အကွာတွင် အရွယ်အစားပေ ၂၀ ပတ်လည်ခန့်
ကျောက်စိမ်းအရည်အသွေး(ပဲရည်/ပဲသား)ခန့်မှန်း အလေးချိန် (၁၅)တန်ခန့်ရှိ ကျောက်စိမ်းအရိုင်းတုံးကြီးကို တွေ့ရှိခဲ့သဖြင့် နယ်မြေခံရဲတပ်ဖွဲ့ဝင်များက အထူးကြပ်မတ်စောင့်ကြပ်လျက်ရှိသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ