လာမည့် ၂၀၃၀ ပြည်နှစ် အတွင်း မြစ်ဆုံ အနီးတစ်ဝိုက် တွင် ကြီးမားသော ငလျင် တစ်ခု ဖြစ်ပေါ်နိုင်

ပို့စ်တင်ချိန် - 2/03/2014 10:24:00 AM


၁၉၃၀ ပြည့်နှစ် နောက်ပိုင်း ကြီးမား သည့် ငလျင် လှုပ်ခတ်မှု မရှိခဲ့ သောကြောင့် လာမည့် ၂၀၃၀ ပြည့် နှစ် အတွင်း မြစ်ဆုံ အနီး တစ်ဝိုက် တွင် အင်အား ကြီးမား သည့် ငလျင် တစ်ခု ဖြစ်ပေါ် လာ နိုင်ကြောင်း မြန်မာ နိုင်ငံ မြေငလျင် ကော်မတီ ဥက္ကဋ္ဌ ဦးစိုးသူရထွန်း က ပြော သည်။

၁၉၃၀ နှစ် မှာ နှစ်တစ်ရာ ပြည့်ခဲ့ တယ်။ အဲဒီတုန်း က ရစ်ချက် တာစကေး ၇ ဒသမ ၅ အင်အား ရှိတဲ့ ငလျင် လှုပ်ရမှာကို မလှုပ်ခဲ့ဘူး။ အချိန်ကြာလာတာနဲ့အမျှ အန္တရာယ် ပိုများလေပဲ။ အင်အား က ၈ လောက်ဖြစ် သွား မယ်။ နှစ် ၂၀၀ ပြည့်မယ့် ၂၀၃၀ မှာ မြစ်ဆုံ နဲ့ အနီးဆုံး အပိုင်း တွေမှာ လှုပ်မယ် ဆိုရင် သူတို့က ဘေး အန္တရာယ် ပိုကြီးတယ်””ဟု ဦးစိုးသူရထွန်းက ပြော သည်။ လက်ရှိတွင် ငလျင်အင်အားပမာဏ ၇ မှ ၇ ဒသမ ၅ အထိ လှုပ်နိုင်သည့် အပိုင်း ၁၀ ပိုင်းနီးပါးရှိရာ အချို့ငလျင်ကြီး များသည် နှစ် ၁၀၀ မှ နှစ် ၁၃၀ ပတ်ဝန်းကျင် အ တွင်း လှုပ်ခတ် ခဲ့ကြောင်း သိရသည်။ မြန်မာ နိုင်ငံ တောင်ဘက်ခြမ်း ရှိ ငလျင် များသည် ၁၉၃၀ ပြည့်နှစ် နောက် ပိုင်း မလှုပ် တော့ဘဲ ၁၉၃၀ ပြည့်နှစ်တွင် ပဲခူး၌ ရစ်ချက်တာစကေး ၇ ဒသမ ၃ အဆင့်ရှိ ငလျင်လှုပ် ခဲ့ ကြောင်း သိရသည်။ သို့သော် မြောက်ဘက်ခြမ်းရှိ စစ်ကိုင်းတွင် ၁၉၅၆ ခုနှစ်၌ လှုပ်ခတ်ခဲ့ရာ အပျက်အစီး အ ဆုံး အရှုံးနှင့် အသေအပျောက်များခဲ့ကြောင်း သိရသည်။ ငလျင်လှုပ်ခဲ့ရင် အခြေအနေ သုံး မျိုး ရှိတယ်။ ငလျင် လှိုင်းတွေကြောင့် ဆည်၊ တာ တမံတွေကို ထိခိုက်မှာရှိတယ်။ ငလျင် လှုပ်တဲ့ အခါ ရေတွေကပါ ရွေ့ပြီးတော့ ပျက်စီးမယ်။ ကြေမွလွယ်တဲ့ ကျောက်တွေရှိတယ်။ တောင် တန်းတွေ ပြိုကျတဲ့အခါ ရေကို မထိန်းနိုင်တော့ ဘဲ လျှံကျပြီး တာတွေကျိုးသွားနိုင်တယ်”” ဟု ဦးစိုးသူရထွန်းက ပြောသည်။

အေဒီ ၁၁၂၈ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ် ကြား ကာလတွင် မြေငလျင်ဒဏ် များ၏ မှတ်တမ်း များကို သုတေ သန ပြုခြင်းများ၊ သိပ္ပံနည်းပညာ ဆိုင်ရာ စာရင်းတွက်ချက်ပါက မြစ်ဆုံ ဆည် အထိ အနီးဆုံး လှုပ်ရှား မှုရှိသော အက် ကြောင်းသည် ၇၇ ကီလိုမီတာ ခန့်ရှိကြောင်း CPI ကုမ္ပဏီမှ ပြုလုပ်ထားသည့် မြစ်ဆုံ ဆည်ကြီး၏ မြေင လျင်ဒဏ်ခံ နိုင်စွမ်းစစ်တမ်း အရ သိရသည်။ အဆိုပါ ဆည်ကြီးအနီး၌ မြေငလျင်လှုပ်ရှားမှု အဆင့်သည် ၇ ဒီဂ ရီသာ ရှိပြီး ဆည်ကြီးအား မြေငလျင် ဒဏ် ခံနိုင်ရန် ၉ ဒီဂရီအဆင့်ရှိအောင် တည်ဆောက်ထား ကြောင်း အဆို ပါ စစ်တမ်းအရ သိရသည်။

Messenger News Journal