အနုပညာ အလုပ်တွေ ကို သမီးနဲ့ တစ်ခဏ အစားထိုး ထားတယ် လို့ ပြောတဲ့ လွင်မိုး

ပို့စ်တင်ချိန် - 2/03/2014 07:48:00 PM


ဆောက်လုပ်ရေး လုပ်ငန်း၊ ကြွေရည်သုတ်၊ ကြွေရည်စိမ် လုပ်ငန်း၊ အညစ် အကြး သန့်စင်စက်ရုံ၊ မြေတူး လုပ်ငန်း၊ နိုင်ငံခြား အင်ဂျင်နီယာတွေ နဲ့ တွဲဖက် လုပ်ကိုင်နေတဲ့ ဒီဇိုင်းဆွဲ လုပ်ငန်း၊ ကလော အိမ်ရာစီမံကိန်းစတဲ့ စီးပွားရေး လုပ်ငန်းတွေကို ဦးစီးပြီး ဇောက်ချ လုပ်ကိုင်နေသူ အကယ်ဒမီ လွင်မိုးက အနုပညာ အလုပ်ကို သူ့သမီး ယွန်းဝတီလွင်မိုးနဲ့ တစ်ခဏ အစားထိုးထားတယ် လို့ ပြောပါတယ်။

လွင်မိုးက “သူရွေးချယ်ရမယ့် အလုပ်က ပညာရေးပဲ။ ဒါပေမဲ့အခုချိန် မှာ ကြော်ငြာပဲ ရိုက်ရိုက်၊ သရုပ်ဆောင်ပဲ လုပ်လုပ် လုပ်လို့ရတယ်။ ဒါပေမဲ့ သူဒီထက် ကြီးလာရင် ပညာရေးကို ဆုံးခန်းတိုင် သင်ယူရမယ်။ အခြေခံ တစ်ခု ရှိရမယ်ပေါ့နော်။ ပညာရေး ဆုံးခန်းတိုင်မှ ဘယ်အရာ မဆို လုပ်လို့ ရမယ်။ ပညာတတ် သွားတဲ့ အချိန်မှာ သူ့ ကိုယ်သူ စဉ်းစား တွေးခေါ် တတ် သွားလိမ့်မယ်။ တကယ် လုပ်ချင်တာ သရုပ်ဆောင်လား၊ ပညာတတ် တစ်ယောက်လား ဆိုတာကိုပေါ့။ အခုတော့ ငယ်ရွယ်သေးတဲ့ အချိန် ဆိုတော့ လုပ်လို့ရတာပေါ့လေ။ အဲဒါကြောင့် အနုပညာ အလုပ်ကို လုပ်ဖို့ ခွင့်ပြုပေးထားတယ်။ ကိုယ်ကိုယ်တိုင် ကျတော့ အရင် ကလို မလုပ်နိုင်ဘူး။ စီးပွားရေး ကိစ္စတွေ နဲ့ လုံးချာ လိုက်နေတယ်။ အနုပညာ အလုပ်ကို သမီးနဲ့ တစ်ခဏ အစားထိုး ထားတာပေါ့” လို့ သရုပ်ဆောင် အကယ်ဒမီ လွင်မိုးက ပြောပါတယ်။

စီးပွားရေး မှာအောင် မြင်တာက မခိုမကပ်ဘဲ ဇွဲ၊ လုံ့လတွေ နဲ့ လုပ်ခဲ့လို့ တိုးတက်တာ ပါလို့လည်း ထပ်လောင်း ပြောပြပါတယ်။

Mဘွယ်
Popular Journal