ဖွဲ့စည်းပုံ ပုဒ်မ ၅၉ မပြင်ရန် အမျိုးသားရေး ကွန်ရက်မှ ဦးဆောင်ဟောပြော

ပို့စ်တင်ချိန် - 2/03/2014 04:07:00 PM


မြန်မာ အမျိုးသားရေးကွန်ရက်က ဦးဆောင်၍ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ ၅၉(စ)တွင် ပြဋ္ဌာန်းထားသည့် သမ္မတ အရည် အချင်း သတ်မှတ်ချက်ကို မပြင်ဆင်ရန် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန် အားကစားကွင်းတွင် ယမန်နေ့က ဟောပြောသည်။ ယင်း ဟောပြောပွဲသို့ လူဦးရေ ၇၀၀ မှ ၁၀၀၀ ၀န်းကျင် တက်ရောက်ခဲ့ပြီး ဦးနေမျိုးဝေ၊ ဦးအေးပိုင်၊ ဦးမောင်မောင်၊ ဦးသီရိမောင်၊ ကိုဟန်မျိုးမွန်နှင့် အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီမှ လွှတ်တော် အမတ် ဒေါ်ခင်ဝိုင်းကြည် တို့က ဟောပြောခြင်း ဖြစ်သည်။

Irrawaddy ဧရာဝတီ သတင်း