ဒုသမ္မတ ဦးဥာဏ်ထွန်း ရခိုင်သို့ ရောက်ရှိ

ပို့စ်တင်ချိန် - 2/03/2014 02:04:00 PM


(နိရဉ္စရာ- ၃ ဇန်န၀ါရီလ ၂၀၁၄)

နိုင်ငံတော် ဒုသမ္မတ ဦးဥာဏ်ထွန်းသည် ယနေ့ နံနက်က စစ်တွေမြို့မှ တဆင့်  ကျောက်ဖြူမြို့သို့ ရဟတ်ယာဉ်များဖြင့် ရောက်သည်။

ဒုသမ္မတသည် ကျောက်ဖြူမြို့တွင် အထူး စီးပွားရေးဇုန်( Special Economic Zone) ကိစ္စနှင့် ပတ်သက်ပြီး ဒေသအတွင်းမှ အစိုးရ အရာရှိများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ မြို့မိမြို့ဖများ၊ စက်မူဇုန်အတွင်းမှ ဒေသခံများနှင့် တွေ့ဆုံခဲ့သည်ဟု သိရသည်။

၎င်းအစည်းအဝေးသို့ အထူးစီးပွားရေးဇုန်တွင် ပါဝင်သော သစ်ပုတ်တောင်၊ သစ်တော၊ စည်မော်၊ ကြံချိုင်နှင့် ရှောက်ချောင်းမှ တရွာလျှင် ရွာသား ၅ ဦးကျစီ တက်ရောက်ခဲ့သည်ဟု  ကျေးရွာသားများထဲမှ အစည်းအဝေးကို တက်ရောက်ခွင့်မရခဲ့သူ ကိုထွန်းကြည်က ပြောသည်။

စီးပွားရေးဇုန်အတွင်းမှ ကျေးရွာသားများနှင့် တွေ့ဆုံမည့်နေရာတွင် ကျေးရွာသား အစစ်အမှန်များကို ဒေသ အာဏာပိုင်များက ခေါ်ယူခြင်း မရှိဘဲ သူတို့နှင့် သင့်မြတ်သူ လက်သင့်ရာကို ခေါ်ယူပြီး ဒုသမ္မတနှင့် တွေ့ဆုံရန် စီစဉ်နေသဖြင့် ကျေးရွာသားများအကြား မကျေမနပ်မူများ  ဖြစ်ပေါ်နေသည်ဟုလည်း သူက ပြောသည်။

အစည်းအဝေးအား ဓည၀တီ ရေတပ်စခန်းရှိ ဓမ္မာရုံတွင်ပြုလုပ်ခဲ့ပြီး ဒုသမ္မတမှ အထူးစီးပွားရေးဇုန်ကိစ္စနှင့် ပတ်သက်ပြီး ရှင်းလင်း ပြောကြားခဲ့သည်ဟု သိရသည်။

Narinjara နိရဉ္စရာ