သင်္ဘောပေါ်တွင် ဘိလပ်မြေအိတ်များပြိုကျပိမိ၍ အလုပ်သမားတစ်ဦးသေဆုံး

ပို့စ်တင်ချိန် - 2/03/2014 08:39:00 PM


ရန်ကုန်၊ ဖေဖော်ဝါရီ ၃

၂.၂.၂၀၁၄ ရက်နေ့ ၁၄၃၀ အချိန် ဆိပ်ကမ်းမြို့မရဲစခန်းမှူးနှင့်တပ်ဖွဲ့ဝင် များသည် ဆိပ်ကမ်းမြို့နယ်၊ ရန်ကုန်မြစ်၊ ဆူးလေအမှတ်(၁)ဗောတံတား
တွင် ဆိုက်ကပ်ထားသောမြန်မာ့ကြယ်ငါးပွင့်လုပ်ငန်းပိုင် ကျိုင်းတုံသင်္ဘော
ပေါ်တွင် အလုပ်သမားတစ်ဦး ဘိလပ်မြေအိတ်များပိမိ၍ သေဆုံးသွား
ကြောင်းသတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ
အင်းစိန်မြို့နယ်နေ ကုန်တင်/ချလုပ်သားဖြစ်သူ ဦးဖိုးချိုဖြစ်ပြီး မျက်နှာ
တွင် ညိုမဲဒဏ်ရာများဖြင့် သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၎င်းသည်အဆိုပါသင်္ဘောပေါ်တွင် ဘိလပ်မြေအိတ် များနှင်သင်္ဘောနံရံတို့အကြားသို့ဝင်ရောက်သွားလာချိန် ဘိလပ်မြေအိတ် များမှာပြိုကျခဲ့ပြီး ပိမိနေသဖြင့် အတူအလုပ်လုပ်ကိုင်သူများမှ ဘိလပ်မြေ အိတ်များအားဖယ်ရှားကာ သင်္ဘောကုန်းပတ်ပေါ်သို့ပို့ဆောင်ပေးခဲ့စဉ်
သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရပါသည်။

၎င်း ဦးဖိုးချိုသေဆုံးရခြင်းနှင့်ပတ်သက်၍ ဆိပ်ကမ်းမြို့မရဲစခန်း
သေမှုသေခင်းအမှတ်စဉ် (၇/၂၀၁၄) ဖြင့် ရေးဖွင့်ကာ စုံစမ်းစစ်ဆေး လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police