တန်ဖိုးနည်းအိမ်ရာ တိုက်ခန်းများရရှိမည်ဟုပြောဆိုကာ ငွေများ လိမ်လည်ရယူသွားသူအား ဖမ်းဆီးရမိ

ပို့စ်တင်ချိန် - 2/03/2014 08:38:00 PM


ရန်ကုန်၊ ဖေဖော်ဝါရီ ၃

၂၀၁၃ခုနှစ်၊ မတ်လခန့်က ကြည့်မြင်တိုင်မြို့နယ်နေ ဒေါ်သက်နွယ်လှ
ထံသို့ တာမွေမြို့နယ်၊ ဒဂုံလွင်လမ်းနေ ဥာဏ်မြင့်ဇော်(ဘ)ဦးစိုးမြင့်မှာ
ရောက်ရှိလာပြီး ၎င်းသည် နိုင်ငံတော်သမ္မတရုံးမှ စုံစမ်း သတင်းပေးဌာန အဖွဲ့ဝင်(၁၄)ဖြစ်ကြောင်း၊ရန်ကုန်မြို့ရှိတန်ဖိုးနည်းအိမ်ရာစီမံကိန်း(ပါရမီ) တိုက်ခန်းများကို အရစ်ကျဝယ်ယူရရှိထားသည့် အစိုးရ၀န်ထမ်းများက
ပြန်ရောင်းမည်ဖြစ်ကြောင်းပြောဆိုကာ စာရွက်စာတမ်းများပြသရောင်းချ
ခဲ့သဖြင့် ဒေါ်သက်နွယ်လှမှတိုက်ခန်း(၂)ခန်းအတွက် ငွေကျပ်သိန်း (၅၀)အား ပေးအပ်ခဲ့ကြောင်း၊ ဥာဏ်မြင့်ဇော်မှာ အခြားသူများအားလည်း ယခုကဲ့သို့ပင် တိုက်ခန်းများရောင်းချထားကြောင်း၊ ယခုအခါ၎င်းမှာ
ထွက်ပြေးတိမ်းရှောင်နေကြောင်းသိရှိရပြီး ၎င်းပေးခဲ့သော စာရွက်စာတမ်း
များတွင် နိုင်ငံတော်တံဆိပ်ကိုအတုပြုလုပ်ထားခြင်း၊ငွေသွင်းစာအုပ်များနှင့် တိုက်ခန်းပိုင်ဆိုင်မှုစာရွက်စာတမ်းများမှာ မမှန်မကန်ပြုလုပ်ထားခြင်းများ
ဖြစ်ကြောင်းကို သိရှိရသဖြင့် ဥာဏ်မြင့်ဇော်အား စုံစမ်းအရေးယူးပေးပါရန်
ဒေါ်သက်နွယ်လှမှတိုင်တန်းခဲ့၍ ကြည့်မြင်တိုင်မြို့မရဲစခန်း(ပ)၇၇၄/၂၀၁၃၊ ပုဒ်မ ၄၂၀/၄၆၈ ဖြင့်အမှုဖွင့် စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

အမှုနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူဥာဏ်မြင့်ဇော်အား ဖမ်းဆီးရမိရေး အတွက် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ အုပ်ချုပ်မှု တပ်ခွဲ၊ မှုခင်းအကူဌာနစုမှတပ်ဖွဲ့ဝင်များမှ ၎င်းထွက် ပြေးတိမ်းရှောင်နေ သည့် နေရာများအား သတင်းစုံစမ်းဆောင်ရွက်ခဲ့ရာ ၂၈.၁.၂၀၁၄ ရက်နေ့ ၁၅၃၀ အချိန်တွင် ရန်ကင်းမြို့နယ်၊ ကလေးဆေးရုံရှေ့လမ်းပေါ်၌ ဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိသူဥာဏ်မြင့်ဇော်အားစစ်ဆေးရာ ၎င်းသည် အဆိုပါပြစ်မှုအား ကျူးလွန်ခဲ့ကြောင်းပေါ်ပေါက်သည့်အပြင် အလားတူတန်ဖိုးနည်းတိုက်ခန်း များဝယ်ယူရရှိမည်ဆိုကာ အင်းစိန်မြို့နယ်နေဒေါ်မိမိငယ်ထံမှငွေကျပ်
(၂၇)သိန်းအားလည်းကောင်း၊အင်းစိန်မြို့နယ်နေ မအယ်လ်ဘောမ်ဘုံထံမှ
ငွေကျပ်(၂၁)သိန်းခွဲအားလည်းကောင်း၊လှိုင်မြို့နယ်နေဒေါ်နော်ကပေါ်ထူး
ထံမှငွေကျပ်(၂၁)သိန်းအားလည်းကောင်း၊အလုံမြို့နယ်နေဒေါ်ဖြူဝင်းညွန့်
ထံမှငွေကျပ်သိန်း(၂၀)အားလည်းကောင်း၊ဗဟန်းမြို့နယ်နေဒေါ်တင်ဝေနှင်း ထံမှငွေကျပ်(၄၅)သိန်းအားလည်းကောင်း၊ပန်းဘဲတန်းမြို့နယ်နေဒေါ်ခင်မမ ထံမှ ငွေကျပ်(၂၉၅၀၀၀)အားလည်းကောင်း၊ ကြည့်မြင်တိုင်မြို့နယ်နေ
ဒေါ်နော်ဂျူးဒစ်ဖေထံမှ ငွေကျပ် (၂၆၅၀၀၀)အားလည်းကောင်းလိမ်လည်
ရယူခဲ့သဖြင့်ကြည့်မြင်တိုင်မြို့မရဲစခန်းတွင် ဖွင့်လှစ်အရေးယူထားရှိခဲ့သည့် အမှုအသီးသီးမှ ထွက်ပြေးတရားခံဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဆက်လက် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police