ဒေါ်စုသမ္မတဖြစ်ခွင့် အကြံပြုစာများ အကျဉ်းရုံးသာစိစစ်

ပို့စ်တင်ချိန် - 2/03/2014 09:58:00 AM

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နော်ဝေနိုင်ငံကို ရောက်ရှိစဉ် (Credit: Reuters) 

မြန်မာနိုင်ငံရဲ့ ​၂၀၀၈ ​ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ​အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ​ဥက္ကဌ ​ဒေါ်အောင်ဆန်းစုကြည်ကို ​သမ္မတဖြစ်ခွင့်မရှိအောင်တားဆီးထားတဲ့ ​အချက်တွေကို ​ပြင်ဆင်ဖို့အတွက် ​ထောင်နဲ့ချီ ​ရရှိထားတဲ့ ​အကြံပြုစာတွေကို ​လွှတ်တော်က ​အကျယ်တ၀င့် ​ဆွေးနွေးရမယ့်အစား ​အကျဉ်းရုံးသာ ​ပေါင်းပြီးစစ်ဆေးခဲ့ကြပါတယ်။

လက်ရှိ ​ဖွဲ့စည်းပုံ ​အခြေခံ ​ဥပဒေထဲမှာ ​နိုင်ငံသား ​တစ်ယောက်ရဲ့ ​သားသမီးပာာ ​နိုင်ငံသားဖြစ်မှသာ ​သမ္မတ ​ဖြစ်ခွင့် ​ရှိတယ်ဆိုတဲ့ ​အရည်အချင်း ​သတ်မှတ်ထားတဲ့ ​ပုဒ်မ ​(၅၉/စ)ပာာ ​ဒေါ်အောင်ဆန်းစုကြည်ကို ​သမ္မတဖြစ်ဖို့ ​ဟန့်တားထားတဲ့ ​အချက်ဖြစ်ပါတယ်။

အဲဒီ ​ပုဒ်မ ​၅၉/စ ​နဲ့ပတ်သက်ပြီးတော့ ​အခြေခံ ​ဥပဒေလေ့လာ ​သုံးသပ်ရေး ​ကော်မတီက ​အကြံပြုစာ  ​ခြောက်ထောင်လောက် ​ရရှိခဲ့ပြီး ​၅၇၀၀ကျော်က ​ပြင်ဆင်ဖို့ ​တောင်းဆိုထားကြပါတယ်။ ​အကြံပြုစာ ​၁၉၀ ​ကျော်ကတော့ ​လုံးဝဖျက်သိမ်းလိုက်ဖို့ ​တောင်းဆိုထားကြပြီးတော့ ​ကျန် ​၅၀ကျော်ကတော့ ​လက်ရှိအတိုင်းသာ ​ဆက်ထားဖို့ ​တောင်းဆိုထားကြတယ်လို့ ​ဆိုပါတယ်။

အဲဒါပြင် ​ဖွဲ့စည်းပုံအခြေခံဥပဒေ ​ပြင်ဆင်တဲ့နေရာမှာ ​စစ်တပ်က ​တားဆီးပိုင်ခွင့် ​အာဏာရှိတဲ့အချက်ဖြစ်တဲ့ ​ပုဒ်မ ​၁၂ကိုလည်း ​ပြင်ဆင်ဖို့အတွက် ​ပုဒ်မ ​၅၉/စ ​နဲ့အလားတူပဲ ​အကြံပြုစာတွေ ​အများကြီး ​ရရှိခဲ့ကြပါတယ်။

လက်ရှိ ​၂၀၀၈ ​ဖွဲ့စည်းပုံအခြေခံဥပဒေကို ​ပြင်ဆင်ဖို့နဲ့ ​အသစ်ရေးဆွဲဖို့အတွက် ​လူအများက ​လိုလားနေကြချိန်မှာ ​အဆိုအပါအခြေခံဥပဒေကို ​မပြင်ဖို့ ​လူထုဆန္ဒကောက်ခံပွဲ ​ကျင်းပရာမှာ ​လူတစ်ထောင် ​၀န်းကျင်သာ ​တက်ရောက်ခဲ့ကြတယ်လို့လည်း ​သိရပါတယ်။

ABC Radio Australia