ယုဇနပလာဇာဈေးတွင် အဲယားကွန်း ဂတ်စ်ပိုက်ပေါက်ထွက်

ပို့စ်တင်ချိန် - 4/10/2014 04:05:00 PM




ရန်ကုန်၊ ဧပြီ ၁၀

၁၀.၄.၂၀၁၄ ရက်နေ့၀၉၁၅ အချိန် မင်္ဂလာတောင်ညွန့်မြို့နယ်၊
သာယာကုန်းရပ်ကွက်၊ ယုဇနပလာဇာဈေး(ပ)ထပ်ရှိ ဆိုင်အမှတ်
ဂျေ-၂/၃/၄၊ဝေဒီ ဖိနပ်ဆိုင်ရှေ့မျက်နှာကျက်အတွင်း ယုဇနပလာဇာ
အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ယူတပ်ဆင်ထားသော မီဆူဘီရှီအမျိုအစား (၁၀)ကောင်အားအဲယားကွန်းနှင့်ဆက်သွယ်တပ်ဆင်ထားသည့်
၅ မူးလုံးအရွယ်ရှိကြေးဂက်စ်ပိုက်မှာ ပေါက်ထွက်မှုဖြစ်ပွားခဲ့သည်။

ထိုသို့ အဲယားကွန်းဂတ်စ်ပိုက်ပေါက်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု
မရှိကြောင်းနှင့် မျက်နှာကျက်အတွင်းရှိဖုံမှုန့်များမှာ လေ၀င်ပေါက်မှ
တစ်ဆင့် စံပယ်လမ်းဘက်သို့ ပြန့်လွင့်သွားခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါအဲယားကွန်းဂတ်စ်ပိုက်အား ယုဇနပလာဇာဈေးအုပ်ချုပ်ရေးအဖွဲ့မှ
ပြန်လည်ပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police