အမေရိကန် စာသင်ကျောင်းက ဓားထိုးမှုကြောင့် လူ၂၀ ဒဏ်ရာရ

ပို့စ်တင်ချိန် - 4/10/2014 11:11:00 AM



အမေရိကန် ​Pennysylvania ​ပြည်နယ်က ​ကျောင်းသားတစ်ယောက် ​မိနစ် ​သုံးဆယ်အတွင်း ​လူပေါင်း ​၂၀ ​ကို ​ဓားနဲ့ ​ထိုးခဲ့တယ်လို့ ​သိရပါတယ်။

ကျောင်းမှာဖြစ်တဲ့ဓားထိုးမှုကို သွားရောက် စစ်ဆေးနေတဲ့ တာဝန်ရှိသူတွေ (Credit: Reuters) 


Murrysville ​မြို့ ​ဒေသစံတော်ချိန် ​မနက် ​၇ ​နာရီအကျော် ​လောက်မှာ ​အဆိုပါ ​ကျောင်းသားက ​ဓားနှစ်ချောင်းကို ​အသုံးပြုပြီး ​တခြား ​ကျောင်းသား ​တွေနဲ့ ​ကျောင်း ​အမှုထမ်း ​အယောက် ​၂၀ ​ကို ​ဓားနဲ့ ​ထိုးတဲ့အပြင် ​လှီးဖြတ်မှု ​တွေလည်း ​လုပ်ခဲ့တယ်လို့ ​ဆိုပါတယ်။

 Franklin ​Regional ​အထက် ​တန်းကျောင်းမှာ ​အခင်းဖြစ် ​ပွားခဲ့တာ ​ဖြစ်ပြီး ​အဲဒီ ​တိုက်ခိုက် ​မှုကို ​ဒုကျောင်းအုပ်က ​ရပ်တန့်အောင် ​လုပ်ဆောင်ခဲ့ ​တယ်လို့ ​ပြောပါတယ်။

ထိခိုက် ​ဒဏ်ရာ ​ရရှိသူတွေ ​ထဲက ​လေးယောက်ကို ​လူနာတင် ​ရဟတ်ယာဉ်တွေက ​အရေးပေါ် ​ဆေးရုံတင်ပေးခဲ့ပြီး ​နှစ်ယောက် ​ကတော့ ​ခွဲစိတ်ကုသမှု ​ခံခဲ့ရပါတယ်။

တခြား ​ကျောင်းသား ​၃ဦးနဲ့ ​လူကြီးတစ်ဦးကိုလည်း ​ဆေးရုံပို့ခဲ့ပါတယ်။

အဲဒီလို ​တိုက်ခိုက် ​မှုကြောင့် ​မူလတန်းတွေ ​ပိတ်ချခဲ့ရပြီး ​အလယ်တန်းနဲ့ ​အထက်တန်း ​ကျောင်းသားတွေ ​အတွက် ​လုံခြုံရေး ​တိုးချဲ့ချ ​ထားပေး ​လိုက်ပါတယ်။

ဓားနဲ့ ​တိုက်ခိုက် ​မှုလုပ်ခဲ့တဲ့ ​ကျောင်းသားကို ​ရဲတွေက ​ထိန်းသိမ်း ​ထားကြောင်းလည်း ​သိရပါတယ်။

အမေရိကန်နိုင်ငံ ​စာသင်ကျောင်းတွေမှာ ​သေနတ်နဲ့ ​လူအစုလိုက် ​အပြုံလိုက်ကို ​သေစေတဲ့ ​ပစ်ခတ်မှုတွေလည်း ​တခါတရံ ​ဖြစ်ပွားလေ့ရှိပါတယ်။

Radio Australia