သင်္ကြန်ရက်များအတွင်း အဝေးပြေး ယာဉ်လက်မှတ်များ ဈေးပို မရောင်းချရေး ပြင်းထန်စွာ သတိပေး

ပို့စ်တင်ချိန် - 4/10/2014 10:17:00 AM



မဟာသင်္ကြန်ပွဲတော်ရက်များ အတွင်း ရန်ကုန်မြို့မှ အခြားတိုင်း ဒေသကြီးနှင့် ပြည်နယ်များသို့ ပြေးဆွဲနေသည့် ခရီးသည်မော် တော်ယာဉ်လိုင်းများ အချင်းချင်း ခိုက်ရန်မဖြစ်ပွားရေး၊ သတ်မှတ် စည်းကမ်းအတိုင်း စနစ်တကျ အန္တရာယ်ကင်းရှင်းစွာပြေးဆွဲရေး၊ ယာဉ်စီးလက်မှတ်များ မသမာ သောနည်းလမ်းဖြင့် ကြိုတင်ဖြတ် ထားခြင်းနှင့် ခရီးသွားပြည်သူများ အပေါ် ဈေးနှုန်းပိုမိုတောင်းယူမှု မပြုလုပ်ရေးအတွက် အောင် မင်္ဂလာနှင့် ဒဂုံဧရာအဝေးပြေး ယာဉ်ရပ်နားစခန်းများမှခရီးသည် တင်ယာဉ်များ စတင်ထွက်ခွာရေး နှင့်ပြန်လည်ဝင်ရောက်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးမော်တော် ယာဉ်လုပ်ငန်းပေါင်းစုံထိန်းသိမ်း ရေးကော်မတီ(အဝေးပြေး)မှသတိ ပေးကြေညာချက်ထုတ်ပြန်ထား ကြောင်း သိရသည်။

အဆိုပါကြေညာချက်တွင် ရန်ကုန်တိုင်းဒေသကြီးမော်တော် ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်း ရေးကော်မတီ (အဝေးပြေး) ကြီး ကြပ်မှု အောက် အောင်မင်္ဂလာ အဝေးပြေးယာဉ်ရပ်နားစခန်းနှင့် ဒဂုံဧရာအဝေးပြေးယာဉ်ရပ်နား စခန်းများအတွင်း ယာဉ်လိုင်း အသီးသီးမှ ခွင့်ပြုခရီးစဉ်များသို့ ပြေးဆွဲလျက်ရှိသည့် မော်တော် ယာဉ်များသည် ခရီးသွားပြည်သူ များ စိတ်နှလုံးချမ်းမြေ့စွာနှင့် လို ရာခရီးသို့ အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးသည် ယာဉ်လိုင်း ပိုင်ရှင်များ၊ ယာဉ်ပိုင်ရှင်များ၊ ဂိတ် တာဝန်ခံနှင့် ဂိတ်မှူးများ၊ ဂိတ် စာရေးမများ၊ ယာဉ်လိုင်းများ အလိုက် နေရာအနှံ့တွင်လက်မှတ် ရောင်းဌာနဖွင့်ထားသည့်နေရာများ  မှ ၀န်ထမ်းများ၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များတွင်တာဝန် ရှိကြောင်းကို သတိပေးဖော်ပြ ထားသည်။

ယာဉ်လိုင်းများအနေဖြင့် ပြေးဆွဲသည့်ခရီးစဉ်အတွင်းလုံခြုံ ရေးနှင့် မသင်္ကာဖွယ်ရာကိစ္စများ တစ်စုံတစ်ရာတွေ့ရှိပါက သက် ဆိုင်ရာသို့ အမြန်ဆုံးသတင်းပို့ ရန် အထူးသတိပေးထည့်သွင်းဖော်ပြ ထားသည်။

မဟာသင်္ကြန်ကာလ ရုံးပိတ် ရက်ဖြစ်သည့် ဧပြီ ၁၂ ရက်မှ ၂၁ ရက်အထိ ရုံးပိတ်ရက်ဖြစ်ပြီး အဆိုပါရုံးပိတ်ရက်များအတွင်း ယာဉ်လိုင်းများအနေဖြင့် ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှသတ် မှတ်ထားသည့်ယာဉ်စီးခနှုန်းထား ထက် ပိုမိုရောင်းချမှုမပြုရန်နှင့် မလိုအပ်ဘဲ ကြိုတင်လက်မှတ် ဖြတ်ထားပြီး ဈေးနှုန်းပိုမိုရောင်းချ သည့်သဘောမျိုး မပြုလုပ်ရန် ကြိုတင်လက်မှတ်ရောင်းချရာတွင် အမည်၊နိုင်ငံသားစိစစ်ရေးအမှတ်၊ နေရပ်လိပ်စာပြည့်စုံစွာပေးထား သည့် ခရီးသွားဖြစ်ရမည်ဖြစ်ပြီး ယာဉ်ထွက်ချိန်တွင်အမှန်တကယ် စီးနင်းသူသာဖြစ်စေရမည်ဟု သိ ရသည်။

လက်မှတ်များကြိုတင်ရောင်း ချရာ၌ အမှန်တကယ် ခရီးသွား မည့်သူကိုသာ ရောင်းချရန်နှင့် seating plan ၌ ကြိုတင်လက် မှတ်ဝယ်ယူသူစာရင်းများကိုတိကျ စွာ ဖော်ပြပေးရန်နှင့် သင်္ကြန် ကာလအတွင်း လူခေါ်ပွဲစားများ နှင့် လက်မှတ်ရောင်းချခြင်း၊လက် မှတ်ကုန်ပြီဟု အကြောင်းပြ၍ အခြားသောနည်းဖြင့်လက်မှတ်ခ ပိုမိုရောင်းချခြင်းများ ဆောင်ရွက် ခြင်းမပြုရန်လည်း ကြေညာချက် ကဆိုသည်။

ယာဉ်လိုင်းဂိတ်အသီးသီး အနေဖြင့် မိမိဂိတ်၌ယာဉ်အသင်း ပိုင်ကားမရှိဘဲအခြားယာဉ်အသင်း ပိုင်နှင့် အခြားလုပ်ငန်းလိုင်စင်ခွင့် ထားသည့် ကားများကို ငှားရမ်း ပြီး လက်မှတ်ရောင်းချခြင်း၊ ပြေး ဆွဲခြင်းမပြုရန်နှင့် ထွက်ခွာသည့် ယာဉ်များအားလုံးအတွက်လိုင်စင် သက်တမ်းပြည့်မီကြောင်း ယာဉ် လိုင်းမှ တာဝန်ယူပြီး ရန်ကုန်တိုင်း ဒေသကြီးမော်တော်ယာဉ်လုပ်ငန်း ပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ အဝေးပြေးတွင် ခရီးသည်တစ်ဦး လျှင် ၁၀၀ ကျပ်နှုန်းဖြင့် ခရီးသွား အာမခံများ ထားရှိရန်အတွက် ကြေညာချက်တွင် သတိပေးဖော် ပြထားသည်။      

မျိုးကျော်

Hot News Journal