စာပို့လုလင်နှင့် ကြေးနန်းလုလင်များကို ရေပက်ကစားခြင်းမပြုရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မေတ္တာရပ်ခံ

ပို့စ်တင်ချိန် - 4/10/2014 08:11:00 AM


နေပြည်တော် ဧပြီ ၉

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မြန်မာသက္ကရာဇ် ၁၃၇၅ ခုနှစ် နှစ်သစ်ကူးမဟာ သင်္ကြန်ရက်များအတွင်း မဟာသင်္ကြန်အကြတ်နေ့ဖြစ်သော ဧပြီ ၁၄ ရက်နှင့် နှစ်သစ်ကူး ရုံးပိတ်ရက်ဖြစ်သော ဧပြီ ၁၈ ရက်တို့တွင် အများပြည်သူတို့၏ အကျိုးစီးပွားအလို့ငှာ စာဝေလုပ်ငန်းနှင့် ကြေးနန်းစာဝေလုပ်ငန်းများကို နားရက်မယူဘဲ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

အမြန်ချောပို့လုပ်ငန်းကိုလည်း နှစ်သစ်ကူး မဟာသင်္ကြန်ရုံးပိတ်ရက်များတွင် ပိတ်ရက်မရှိ နေ့စဉ် ဖွင့်လှစ် ဆောင်ရွက်ပေးမည် ဖြစ်သည်။

အဆိုပါ ရက်များအတွင်း ဝတ်စုံပြည့်ဖြင့် တာဝန်ထမ်းဆောင်နေကြသည့် စာပို့လုလင်များ၊ ကြေးနန်းပို့ လုလင်များကို ရေပက်ကစားခြင်း မပြုကြရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မေတ္တာရပ်ခံထားကြောင်း သိရှိရသည်။

MOI Webportal Myanmar