ဆီးရီးယားမှာ ကားဗုံး ၂ နေရာ ပေါက်ကွဲမှုကြောင့် လူ ၂၁ ဦး သေဆုံး

ပို့စ်တင်ချိန် - 4/10/2014 05:58:00 PM

ဓာတ်ပုံ – AFP



ဆီးရီးယားနိုင်ငံ ဟုမ်းမြို့မှာ ပြီးခဲ့တဲ့ ဧပြီ ၉ ရက်နေ့က ကားဗုံးပေါက်ကွဲမှု ၂ ခုဆက် ဖြစ်ပွားခဲ့ပြီး အမျိုးသမီးတွေနဲ့ ကလေးတွေအပါအ၀င် အနည်းဆုံးလူအယောက် ၂၁ ဦး သေဆုံးခဲ့ကြပါတယ်။


ပထမပေါက်ကွဲမှုဟာ လူစည်ကားရာ ကုန်စုံဆိုင်အနီးမှာ ပေါက်ကွဲခဲ့တာ ဖြစ်ပြီး နောက် ၁ လုံးကတော့ ပထမပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့ တမြို့နယ်မှာပဲ နာရီဝက်လောက်ခြားပြီး ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။
အခြားလူအယောက် ၁၀၀ ကျော် ဒဏ်ရာရခဲ့ကြပြီး တချို့မှာ ပြင်းထန်တာကြောင့် သေဆုံးသူဦးရေ တိုးလာအုန်းမယ်လို့ ဆိုပါတယ်။

ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တဲ့နေရာဟာ ဆီးရီးယားသမ္မတ ဘာရှား အယ်လ်အာဆတ်ရဲ့ အာလ၀ီလူမျိုးစု မွတ်စလင်တွေ နေထိုင်တဲ့ ရပ်ကွက် ဖြစ်ပြီး သမ္မတ အာဆတ်ကို ဖြုတ်ချဖို့ တိုက်ပွဲဝင်နေတဲ့သူပုန်တွေဟာ ဆွန်နီဂိုဏ်းဝင် မွတ်စလင်တွေ ဖြစ်ကြပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၆ ရက်နေ့ကလည်း ဟုမ်းမြို့မှာပဲ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ဆီးရီးယားစစ်တပ်အရာရှိ ၂ ဦးအပါအ၀င် လူအနည်းဆုံး ၂၉ ဦးသေဆုံးခဲ့ပါတယ်။

၃ နှစ်ကြာ ဖြစ်ပွားနေတဲ ဆီးရီးယားပြည်တွင်းစစ်မှာ ဆီးရီးယားပြည်သူ ၁ သိန်းခွဲကျော် သေဆုံးခဲ့ကြရပြီး သန်းနဲ့ချီပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။

DVB Burmese