ကနေဒါလူသတ်တရားခံအား အင်တာနက်ကင်မရာမှ မျက်မြင်တွေ့ရှိသူက ဖော်ထုတ်

ပို့စ်တင်ချိန် - 4/10/2014 08:30:00 AM



တိုရွန်တို ဧပြီ ၈
တရုတ်ကျောင်းသူတစ်ဦးကိုသတ်မှုနှင့် စွဲချက်တင်ထားသော တိုရွန်တိုမှ အမျိုးသားတစ်ဦးအား သူမ၏ ရည်းစားဖြစ်သူက အင်တာနက်ကင်မရာ webcam မှတစ်ဆင့် မျက်မြင်တွေ့ရှိပြီးနောက် လူသတ်တရားခံအဖြစ် ဖော်ထုတ်နိုင်ခဲ့သည်။
အသက် ၃၂ နှစ်ရှိ ဘရိုင်ယန်ဒစ်ဆင်၏ ရှေ့နေများက အသက် ၂၃ နှစ် ရှိ နယူးယောက်ကျောင်းသူ ကျန်လူအား သတ်ရန်မဖြစ်နိုင်ကြောင်း ငြင်းဆိုထား ခဲ့သည်။
ကျန်လူသည် ၂ဝ၁၁ ခုနှစ် ဧပြီလ ၁၅ ရက်က သေဆုံးခဲ့သည်။ ၎င်းသည် အင်တာနက်တွင် Chatting ပြောနေစဉ်အတွင်း Webcam ရိုက်ကူးထားရာ တိုက်ခိုက်သူက ¤င်းအားတိုက်ခိုက်စဉ် ကင်မရာမှတစ်ဆင့် သူမ၏ရည်းစား ဖြစ်သူက မျက်မြင်တွေ့ရှိခဲ့သည်ဟု ဆိုသည်။
အဆိုပါ အမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးတွေ့ရှိပြီးနောက် ဒစ်ဆင် အား တရားသူကြီးအနီး မော်လွိုင်းက ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ် ခဲ့ကြောင်း သိရသည်။
လူနှင့်တရုတ်နိုင်ငံရှိ ၎င်း၏ ရည်းစားဖြစ်သူတို့သည် ၂ဝ၁၁ ခုနှစ် ဧပြီ ၁၅ ရက်က Webcam ပေါ်တွင် Chatting ပြောနေကြစဉ် အမျိုးသား တစ်ဦးက လူ၏ အခန်းကိုတံခါးခေါက်ဝင်လာပြီး ဖုန်းအသုံးပြုခွင့်ပေးရန် တောင်းဆိုခဲ့သည်ဟု ဆိုသည်။ သူမသည် အခန်းအတွင်းမှထွက်သွားရန် ကြိုးစားစဉ် မိနစ်အတန်ကြာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားနေသည်ကို လူ၏ ရည်းစားဖြစ်သူက Chatting မှတစ်ဆင့် စောင့်ကြည့်နေခဲ့သည်ဟု ဆိုသည်။ နောက်တစ်နေ့တွင် သူမသည် သေဆုံးလျက်တွေ့ရသည်ဟု ဆိုသည်။ ဒစ်ဆင် သည် အသတ်ခံရသူအမျိုးသမီးနှင့် အဆောက်အအုံတစ်ခုတည်း၌ နေထိုင်သူ ဖြစ်ပြီး ထိုသူမှာ ယော့ခ်တက္ကသိုလ် ပရိဝုဏ်အနီး၌ နေထိုင်သူဖြစ်သည်ဟု ဆိုသည်။
(ဘီဘီစီ)

The mirror daily