ဆရာဖြစ်သူ၏ အရိုက်လွန်မှုကြောင့် တပည့်ဖြစ်သူသေဆုံး

ပို့စ်တင်ချိန် - 4/10/2014 04:05:00 PM



ကျောင်းသား ခေါင်းကို ခါး ပတ်နဲ့ အကြိမ်ကြိမ် ပြင်းထန်စွာ ရိုက်နှက်မှုကြောင့် ရရှိသော ဒဏ်ရာဖြင့် ကျောင်းသား သေဆုံးသွားသဖြင့် တောင်အာဖရိက ကျောင်းဆရာ တစ်ယောက် ကို လူသတ်မှုဖြင့် ဖမ်းဆီး စစ်ဆေးလျက် ရှိကြောင်း သိရ သည်။

ဆရာ၏ ရိုက်နှက် မှုကြောင့် အသက် ၁၆ နှစ် အရွယ် ကျောင်း သား ဆီဇယ်ကူဟီကာ သည် မျက်နှာများ ရောင်ကိုင်းကာ နားပါထိုင်းသွား ပြီးနောက် သေဆုံး သွားခြင်းဖြစ် ကြောင်း မိခင်ဖြစ်သူက ဒေသတင်း စာ အမေ သို့ ပြောသည်။ သေဆုံးသွား သော ကျောင်းသား အပါအ၀င် အခြား ကျောင်းသား အချို့ စာသင်ခန်းတွင်း ဆူညံ သောကြောင့် ပြစ်ဒဏ် ပေး ခြင်းဖြစ်သည် ဟု သိရသည်။

““ဆရာကို ဖမ်းဆီး ထိန်းသိမ်း ထားပါတယ်။ ကျောင်းသားကို ကိုယ်စိတ် ထိခိုက် လောက်အောင် ရိုက်နှက် ဆုံးမတာမျိုးကို တောင်အာဖရိက မှာ တားမြစ် ထားတဲ့ အတွက် ပြစ်ဒဏ်ကြီးကြီး ခံရနိုင်ခြေ ရှိနေပါတယ်””ဟု အခင်းဖြစ်ပွားရာ ဂေါင်တန်ပြည်နယ် ပညာရေး ၀န်ကြီး ဌာန ပြောရေး ဆိုခွင့်ရှိသူ ဖမ်မလာ ဆက်ဟွန်ရိန်း က ပြောကြား သည်။

ရိုက်နှက်မှု ဖြစ်ပွားသည့် မတ်လ ၁၇ ရက်နေ့ ကျောင်းဆင်းချိန် သည် သားဖြစ်သူသည် ပါးလ်စပရင်းမြို့ရှိ အိမ်သို့ပြန်လာ သည်တွင် ခေါင်း တအားကိုက် သည်ဟု ညည်းညူပြီး ပြန်လာကြောင်း မိခင်ဖြစ်သူ က ပြော သည်။ မိဘ နှစ်ယောက်လုံး အလုပ် လက်မဲ့ဖြစ်ကာ အစိုးရ ထောက်ပံ့ ကြေးဖြင့် နေရသည်ဖြစ်သော ကြောင့် ဆေးရုံ မသွားနိုင်ဘဲ အိမ်တွင်သာ အကိုက်အခဲ ပျောက် ဆေးတိုက်ခဲ့ရ ကြောင်း မိခင်ဖြစ်သူက ပြောသည်။

““ကျွန်မသား နောက်ဆုံး အချိန် နားရောက်တော့ ကျွန်မတို့ ပြောတာလည်း မကြားတော့ဘူး။ မြင်လည်း မမြင်တော့ဘူး””ဟု မိခင်ဖြစ်သူ မစ္စစ်ကူဟီကာ က ပြောသည်။

တောင်အာဖရိက နိုင်ငံတွင် ၁၉၉၆ ခုနှစ်မှ စပြီး ကျောင်းသားများ အား ကိုယ်စိတ်ထိခိုက် သည်အထိ ရိုက်နှက်ခြင်း ကို တားမြစ်ထား သည်။ သို့ဖြစ်သည့် တိုင် ကျောင်းသား ထက်ဝက် နီးပါးသည် ယခုထိ တိုင် ရိုက်နှဏ် ခံနေရ ဆဲဖြစ်ကြောင်း ကိပ် တောင်းမြို့ အခြေစိုက် တရားမျှတ မှုနှင့် မှုခင်း ကာကွယ်ရေး စင်တာက ထုတ်ပြန် ပြောကြား သည်။

Source: BBC
The Messenger