အပူချိန်မြင့်မားမှုကြောင့် ဖောင်တော်ချက်မ ရေကန်အတွင်းရှိ ငါးများသေဆုံး

ပို့စ်တင်ချိန် - 4/25/2014 02:56:00 PM


နေပြည်တော် ဧပြီ - ၂၅

နေအပူချိန် မြင့်မားမှုကြောင့် လယ်ဝေးမြို့နယ် ဖောင်တော်ချက်မစေတီတော်အနီးရှိ ဖောင်တော် ချက်မရေကန် အတွင်းရှိ ငါးများသည် ဧပြီ(၂၄)ရက်နေ့မှ စတင်၍ သေဆုံးလျက်ရှိကြောင်း သိရသည်။
အဆိုပါဖောင်တော်ချက်မကန်အတွင်းရှိ ငါးများသေဆုံးမှုအား မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဖောင်တော်ချက်မဘုရား ဂေါပကအဖွဲ့၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနနှင့် မြို့နယ်စည်ပင်တို့မှ လာရောက်ကြည့်ရှုပြီး ကန်အတွင်းရှိငါးအသေများ ဖယ်ရှားခြင်းနှင့် သေဆုံးမှုများ ဆက်လက်မဖြစ်ပေါ်အောင် ကျွမ်းကျင်သူများဖြင့် ဆောင်ရွက်ပေးနေလျက်ရှိကြောင်း သိရသည်။

ငါးများသေဆုံးရာတွင် “မနက်အစော (၅)နာရီလောက်က လမ်းလျှောက်ထွက်တဲ့သူတွေ အရင်ဆုံး စတွေ့တာပါ၊ မနက်ပိုင်းမှာတော့ ငါးအသေးတွေပဲသေတာတွေ့ရပြီး နေမြင့်လာတာနဲ့ ငါးအကြီးတွေပါ သေကုန်ကြတာ၊ နေ့လည်(၂)နာရီလောက်ကဆိုရင် ငါးတစ်ကောင်ကို (၈)ပိသာ (၉)ပိသာရှိတဲ့ငါးတွေပါ သေနေတာတွေ့ရတယ်။ အခုညနေပိုင်းအထိဆယ် နေကြတုန်းပဲ” ဟု အမှတ်(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းလှိုင်ကပြောကြားသည်။

MOI Webportal Myanmar