သင်္ကြန်အကြို ပါတီပွဲ ကျင်းပနေသော ကညန (အင်းစိန်)နှင် ကျနော့် အိမ်ပြန်ခရီးနှောင့်နှေးခဲ့ရခြင်း

ပို့စ်တင်ချိန် - 4/11/2014 10:56:00 PM


11.4.2014 နေ့လည် 2:00 ကညန အင်းစိန်တွင် နံပါတ်ပြားထုတ်ရန်သွားရောက်ခဲ့ရာ တာဝန်ခံအိမ်ပြန်သွားပြီ ဖြစ်သောကြောင့် (သင်္ကြင်္န် အကြို ပါတီပွဲ ကျင်းပနေပါသဖြင့်) မထုတ်ပေးနိုင်ကြောင်း....ခရိုင်ဦးစီမှုး ဟုဆိုသော အမျိုးသမီးကြီးသည် လူကြီးလူကောင်းမပီသစွာ စကားအပြောအဆို ရင့်သီးစွာ ဆက်ဆံခဲ့ပါသည်။
နောက်ဆုံးတွင် ခရိုင်ဦးစီမှုး(ဒေါ်ခင်ထားဝင်း) ဆိုသော နာမည်ကိုရေးမှတ်မှ အရေးတယူ လိုက်လုပ်ပေးခဲ့ပါသည်။
နံပါတ်ပြားထုတ်ယူရာတွင်လဲ ကျနေုာ်၏ နေရပ်လိပ်စာနှင့်လက်မှတ်ရေးထိုးကာ ထုတ်ယူခဲ့ရပြီး (ခြိမ်းခြောက်သည့် သဘောမျိုး သက်ရောက်သော စကားလုံးများဖြင့်) ပြောဆိုဆက်ဆံခြင်းကိုခံခဲ့ရပါသည်။
ထိုကဲ့သို့ နံပါတ်ပြားထုတ်ယူသည့် ကိစ္စတွင် ထုတ်ယူရန် အချိန် တစ်နာရီခွဲမှ နှစ်နာရီခန့် ကြာမြင့်ခဲ့ သောကြောင် လွန်စွာစိတ်အနှောက်အယှက်ဖြစ်ခဲ့ရသဖြင့် လိုအပ်သလို စိစစ် ပေးပါရန်တင်ပြပါသည်။
အထက်ဖေါ်ပြပါဖြစ်ရပ်နှင့် ပတ်သတ်ပြီး လိုအပ်ပါက [email protected] သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Myanmar CNN မှ တင်ဆက်သည်။