ချစ်သူရဲ့ အိပ်မက်တွေကို ချောင်းကြည့်နိုင်မယ့် Appထွက်ပြီ

ပို့စ်တင်ချိန် - 4/11/2014 08:33:00 AM




သီဟနိုင် on 2014-04-10 15:45    


သင်သာ ကိုယ့်ချစ်သူက ဘယ်သူ့ကို အိပ်မက်မက်နေလဲ၊ ဘာတွေ မက်နေလဲ ဆိုတာကို သိခွင့်ရမယ်ဆိုရင် အံ့သြရမှာပါနော်။ ဒီလို သိနိုင်ဖို့ ကိုယ့်ချစ်သူရဲ့ အိပ်မက်တွေကို ချောင်းကြည့်နိုင်မယ့် App ထွက်ရှိလာပါပြီ။

စပ်စုချင်တဲ့သူတွေ အတွက် ကိုယ့်ချစ်သူ အိပ်ပျော်နေတုန်း ယောင်တာတွေကို စမတ်ဖုန်းနဲ့ အသံသွင်းထားနိုင်ပါတယ်။ အသေးစိတ် ကိုသိနိုင်သလို ကိုယ့်ချစ်သူက နေ့ဘက်မှာဖြစ်ချင်နေတဲ့ စိတ်ဆန္ဒတွေကိုလည်း သိနိုင်ပါတယ်။

App နာမည်ကတော့ Sleep Talk Recorder ပါ။ လူတွေ အိပ်မောကျနေတုန်း ယောင်တာတွေကို နားထောင်ပေးပြီး ယောင်ပြီဆိုတာနဲ့ အသံစဖမ်းပေးမယ့် app ပါပဲ။

နံနက်ရောက်ပြီဆိုတာနဲ့ ညက ကိုယ့်ချစ်သူ ဘာတွေ ယောင်ထားတယ်ဆိုတာကို နားထောင်ပြီး ပြန်စစ်ဆေးလို့ ရစေမှာပါ။

Ref:dailymail.co.uk
trend myanmar