အချုပ်တရားခံထံမှ တားမြစ်ဆေးဝါးများ သိမ်းဆည်းရမိ

ပို့စ်တင်ချိန် - 4/11/2014 04:39:00 PM



ရန်ကုန်၊ ဧပြီ ၁၁

၁၀.၄.၂၀၁၄ရက်နေ့ ၁၅၁၅အချိန် လှိုင်သာယာမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ
သည် တရားရုံအချုပ်ခန်း လုံခြုံရေးတာဝန်ဆောင်ရွက်နေစဉ် လှိုင်သာယာ
မြို့နယ်တရားရုံး ပြစ်မှုကြီးအမှတ် (၄၄၂/၂၀၁၄)၊ လက်နက်ဥပဒေပုဒ်မ ၁၉(င)အမှုမှ အချုပ်တရားခံ အောင်အောင်(ခ)ကတုံး၊ (ဘ)ဦးတင်အောင်၊ ရှမ်းချောင်းကျေးရွာ၊ လှိုင်သာယာမြို့နယ်နေသူအား ရုံးတင်စစ်ဆေးပြီးအပြန် အချုပ်ခန်းတံခါးဝတွင် ၎င်းအား စစ်ဆေးခဲ့ရာ ပုဆိုးခါးပုံစအတွင်း သတင်း
စာစက္ကူအိတ်ဖြင့်ထုတ်ထားသောDEXTBO(သခွားမွှေး)ဆေးပြား(၅၇၉)ပြား
ကို ရှာဖွေ့တွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။

၎င်းဆေးပြားများနှင့် ပတ်သက်၍စစ်ဆေးရာ တရားရုံးပြစ်မှုကြီးအမှတ် (၁၃၉/၂၀၁၄)၊ လက်နက် ဥပဒေပုဒ်မ ၁၉(င)အမှုမှ အချုပ်ကျခံနေသူ တရားခံ မောင်ထွေးထံသို့ ဧည့်တွေ့လာသူ မနီနီငွေ၊ (ဘ)ဦးတင်ငွေ၊ (၁၀)ရပ်ကွက်၊ လှိုင်သာယာမြို့နယ်နေသူမှ တရားခံ မောင်ထွေးထံသို့
ပေးပေးရန် အတွက် လူကြုံထည့်ပေးလိုက်ခြင်းဖြစ်ကြောင်း စစ်ဆေး
ပေါ်ပေါက်ခဲ့ပါသည်။

ထိုသို့ပေါ်ပေါက်ချက်အရ အောင်အောင်(ခ)ကတုံးနှင့် နီနီငွေတို့အား လှိုင်သာယာမြို့မရဲစခန်း (ပ)၄၇၈/၂၀၁၄၊ အမျိုးသားဆေးဝါးဥပဒေ
ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်လှစ်ကာ ၎င်းတို့(၂)ဦးကို ဖမ်းဆီး စစ်ဆေးလျက်ရှိ
ကြောင်းသတင်းရရှိပါသည်။

Yangon Police