ကမ္ဘာ့ဖလား ပြိုင်ပွဲကာလအတွင်း အားကုန်မှာစိုး၍ လိင်ဆက်ဆံမှု အလွန်အကျူး မလုပ်ကြရန် ကစားသမားများအား ဘရာဇီးနည်းပြသတိပေး

ပို့စ်တင်ချိန် - 4/11/2014 08:12:00 AM



ဘရာဇီးနည်းပြ စကိုလာရီက မိမိအသင်း ကစားသမားများအနေဖြင့် ကမ္ဘာ့ဖလား ပြိုင်ပွဲကာလအတွင်း လိင်ဆက်ဆံမှု အလွန်အကျူး မလုပ်ကြရန် သတိပေးခဲ့သည်။ စကိုလာရီသည် ၂၀၀၂ ခုနှစ် ကမ္ဘာ့ဖလားတွင် နာမည်ကျော် တိုက်စစ်မှူး ရိုမာရီယိုကို ချန်လှပ်ခြင်းကြောင့် ဝေဖန်ခံခဲ့ရသော်လည်း ချန်ပီယံဖလား ဆွတ်ခူးပေးနိုင်ခဲ့သူဖြစ်သည်။
စကိုလာရီက “ ကစားသမားတွေအနေနဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲကာလအတွင်း ပုံမှန်အတိုင်း လိင်ဆက်ဆံခွင့် ရှိပေမယ့် အလွန်အကျူး လိင်ဆက်ဆံလို့ ခွန်အားကုန်ဆုံးတာမျိုးကိုတော့ ခွင့်ပြုမှာမဟုတ်ပါဘူး။ ကစားသမားရဲ့ခြေစွမ်းကိုကြည့်ပြီး ကန့်သတ်သွားမှာပါ”ဟု ပြောခဲ့သည်။သို့သော် ယခုပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရခြင်းကြောင့် ချန်ပီယံဖလား ဆွတ်ခူးရန် ဖိအားပိုရှိကြောင်း စကိုလာရီက ဆိုသည်။

ရိုးရာလေး