ဘာစီလိုနာနဲ့ မန်ချက်စတာယူနိုက်တက် တို့ ကွာတားအဆင့်ကနေ လှည့်ပြန်ရပြီ

ပို့စ်တင်ချိန် - 4/11/2014 07:48:00 AM




မနေ့ ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်တွေအပြီးမှာ ဗိုလ်စွဲဖို့  ရေပန်းအစားဆုံး အသင်းတစ်သင်းဖြစ်တဲ့ ဘာစီလိုနာနဲ့ ပရီးမီးယားလိဂ်ထိပ်သီး မန်ချက်စတာယူနိုက်တက်တို့  ကွာတားဖိုင်နယ် အဆင့်ကနေ လှည့်ပြန်ခဲ့ရပါပြီ။

ပထမတစ်ကျော့က အိုးထရက်ဖို့ ဒ်မှာ ၁-၁ သရေရလဒ်သာ ရရှိခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ ဂျာမနီမြေ အိမ်ကွင်းမှာ မန်ယူအသင်းကို ၃-၁ ဂိုးနဲ့ ပြန်လည်အနိုင်ယူပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ အီဗရာက မန်ယူအသင်းအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး မန်ဇူကစ်က ချေပဂိုး ချက်ချင်းပြန်သွင်းယူခဲ့ကာ ၊ ပွဲချိန် ၆၈ မိနစ်မှာ သောမတ်စ်မူလာက ဒုတိယဂိုး၊ အာဂျန်ရော်ဘင်က တတိယဂိုးကို သွင်းယူပြီး ၃-၁ ဂိုးနဲ့ အနိုင်ယူကာ နှစ်ကျော့ပေါင်း ရလဒ် ၄-၂ နဲ့ လက်ရှိချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်း ဆီမီးဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

တစ်ဖက်ပွဲစဉ်အဖြစ် စပိန်ထိပ်သီး အက်သလက်တီကိုနဲ့ ဘာစီလိုနာတို့ ပွဲစဉ်မှာ အက်သလက်တီကို ကွင်းလယ် ကစားသမား ကိုကီရဲ့ ပွဲချိန် ၅ မိနစ်မှာ သွင်းယူခဲ့တဲ့ အစောဂိုးနဲ့ ပွဲပြီးဆုံးခဲ့ပြီး နှစ်ကျော့ပေါင်း ရလဒ် ၂-၁ ဂိုးနဲ့  အက်သလက်တီကိုတို့ ဆီမီးအဆင့်ကို ရောက်ရှိသွားခဲ့ပါတယ်။ ပွဲချိန်နောက်ပိုင်းတစ်ပိုင်းလုံး ဘာစီလိုနာ အသင်းက ဖိကစားခဲ့ပေမယ့် ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ခြင်းမရှိလို့ ကွာတားအဆင့်ကနေ လက်ပြ နှုတ်ဆက်ခဲ့ရပါပြီ။

ဆီမီးဖိုင်နယ်အဆင့်မှာ ချယ်လ်ဆီး၊ရီးယဲလ်မက်ဒရစ်၊ဘိုင်ယန်မြူးနစ်နဲ့ အက်သလက်တီကို တို့ တွေ့ ဆုံကြမှာ ဖြစ်ပြီး လာမယ့် သောကြာနေ့ ဧပြီလ ၁၁ ရက်နေ့ မှာ ဆွစ်ဇာလန်မှာ ရှိတဲ့ ယူအီးအက်ဖ်အေ ရုံးချုပ်မှာ မဲနှိုက် ရွေးချယ်ပွဲကို ကျင်းပသွားမယ်လို့ သိရပါတယ်။



Ref: bbc.com

Trend Myanmar