ရထားသံလမ်းတွင်လမ်းလျှောက်နေသူ အမျိုးသမီးတစ်ဦး ရထားတိုက်ခံရ သဖြင့် သေဆုံး

ပို့စ်တင်ချိန် - 5/01/2014 08:09:00 PM


ရန်ကုန်၊ မေ ၁

၁.၅.၂၀၁၄ရက်နေ့ ၁၂၀၅အချိန် တိုက်ကြီးမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် တိုက်ကြီးမြို့နယ်၊ ဂျိုးဖြူ ကျေးရွာအုပ်စု၊ ခြောက်တိုင်ကွေ့ကျေးရွာအနီး ရန်ကုန်-ပြည်ရထားလမ်းမိုင်တိုင်အမှတ် (၄၂/၄၃)နှင့် (၄၂/၄၄)ကြား ရထားလမ်းပေါ်တွင် အမျိုးသမီးတစ်ဦး ရထားတိုက်ခံရ၍သေဆုံးနေကြောင်း သတင်းအရသွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ အသက် (၃၅)နှစ်ခန့်ရှိ အမည်မသိအမျိုးသမီး တစ်ဦးဖြစ်ပြီး ရင်ခေါင်းပြတ်၊ ၀ဲလက်မောင်းပြတ်၊ ယာဒူးပြတ်၊ နဖူးထိပ်ပေါက်ပြဲဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရ ပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၁၁၅၀ အချိန်ခန့်တွင် သေဆုံးသူအမျိုးသမီးမှာ ရထားသံလမ်းအတိုင်း ရထားလာသည့်ဘက်အား ကျောပေး၍
လမ်းလျှောက်နေစဉ် ရန်ကုန်ဘက်မှပြည်ဘက်သို့ မောင်းနှင်လာသော စက်ခေါင်းအမှတ် DF-1217 အမှတ်-၆၃ အဆန် စာပို့ရထားမှ တိုက်မိခဲ့
သဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ တိုက်ကြီးမြို့မရဲစခန်းသေမှုသေခင်းအမှတ်စဉ် (၁၂/၂၀၁၄)ဖြင့် ရေးဖွင့်စုံစမ်းစစ်ဆေးလျက်ရှိကြောင်းသတင်းရရှိပါသည်။

Yangon Police