ပထမ ၃ လပတ်အတွင်း စမတ်ဖုန်းရောင်းအား ကျဆင်းခဲ့သည့် Samsung

ပို့စ်တင်ချိန် - 5/01/2014 07:13:00 AM



ပြီးခဲ့သည့်နှစ် ပထမ ၃ လပတ်နှင့် ယှဉ်ပါက ယခုနှစ်အစောပိုင်း ၃ လ သည် စမတ်ဖုန်းရောင်းအား ၄ ရာခိုင်နှုန်းထိ ယုတ်လျော့သွားကြောင်း သိရ သည်။ ဇန်နဝါရီလမှ မတ်လအတွင်း ဒေါ်လာ ၃၂.၃ ဘီလျံထိ စမတ်ဖုန်း  အရောင်းကဏ္ဍမှ ဝင်ငွေရရှိခဲ့ခြင်းကြောင့် ရောင်းအားကျခဲ့သည့်တိုင် အမြတ်ငွေ မှာမူ တိုးပွားလာကြောင်း တောင်ကိုရီးယား ကုမ္ပဏီကြီးက ကြေညာခဲ့သည်။

အမြတ်ပမာဏသည် ၂၀၁၃ ခုနှစ်၊ ပထမ ၃ လပတ်ထက် ၁၈ ရာခိုင်နှုန်း တိုးပွားလာကြောင်း Samsung က ဆိုသည်။ ကုမ္ပဏီက လက်ရှိညွှန်ကိန်းများ သည် အပေါင်းလက္ခဏာဘက် ဦးတည် နေသည်ဟု ခံယူကြောင်းလည်း ပြောကြားထားသည်။
Samsung သည် လတ်တလောတွင် စမတ်ဖုန်း ထုတ်လုပ်ရောင်းချမှုနယ်ပယ် တွင် ကမ္ဘာ့အကြီးမားဆုံး လုပ်ငန်းကြီး
အဖြစ် ဦးဆောင် ရပ်တည်နေသည်။ Samsung ၏ စမတ်ဖုန်းများ ရောင်းချမှု အတွက် ယခုနှစ် ပထမ ၃ လ စုစုပေါင်း
အမြတ်ငွေပမာဏသည် ဒေါ်လာ ၇.၅ ဘီလျံထိ ရှိခဲ့ကြောင်းလည်း သိရသည်။ ပြီးခဲ့သည့်နှစ် ပထမဆုံး ၃ လတာအချိန်
အတွင်း ဒေါ်လာ ၇ ဘီလျံမျှ အမြတ်ပေါ်ခဲ့သည်။ Samsung ၏ Galaxy စီးရီး စမတ်ဖုန်းများ လူကြိုက်များနေခြင်းမှာ ဈေးကွက်ထဲတွင် အမှတ်တံဆိပ်၏ ဩဇာလွှမ်းမိုးမှုကို ဆက်လက်ဖြန့်ကျက် နိုင်ရန် တွန်းအား ဖြစ်တည်စေခဲ့သည်။

Samsung သည် nokia ကို ကျော်ဖြတ်ကာ ၂၀၁၂ ခုနှစ်တွင် ကမ္ဘာ့ မိုဘိုင်းလ်ဖုန်းထုတ်လုပ်မှု ကဏ္ဍ၏  အကြီးဆုံးလုပ်ငန်းစု ကြီးဖြစ်လာခဲ့သည်။ လက်ရှိတွင် ဈေးကွက်ကို Samsung က ဆက်လက်ဦးဆောင်ဆဲ ဖြစ်သော် လည်း Xiaomi၊ Huawei နှင့် ZTE တို့
ကဲ့သို့ တရုတ်အခြေစိုက် ကုမ္ပဏီများ၏ ခြိမ်းခြောက်မှုကိုလည်း သတိကြီးကြီး စောင့်ကြည့်နေရကြောင်း သိရှိရသည်။

Planet