မိုးကြိုးထိမှန်၍ မိခင် သေဆုံးသော်လည်း သုံးလအရွယ် ကလေးငယ် လွတ်မြောက်

ပို့စ်တင်ချိန် - 5/01/2014 07:25:00 AM




ကယားပြည်နယ် ဖရူဆိုမြို့နယ် မာခရောရှေ ကျေးရွာအုပ်စု ဒေါတတော ကျေးရွာ၌ ဧပြီ ၂၇ ရက် ညနေ ၃ နာရီက မိုးသက်လေပြင်း ကျ၍ မိုးကြိုးပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မပလျားမာ ၃၄ နှစ်သည် သုံးလအရွယ် ကလေးငယ်ကို ကျောပိုး၍ အိမ်ရှေ့လှေကားထိပ်၌ ရှိနေစဉ် မိုးကြိုးထိမှန်၍ အိမ်အောက်သို့ ကျသွားခဲ့ကြောင်း၊

ကျောပိုးထားသော သုံးလသား အရွယ်ကလေးမှာ မည်သို့မျှ ထိခိုက်ဒဏ်ရာ မရှိဘဲ မိခင်တစ်ဦးတည်းသာ ဦးခေါင်းတွင် မိုးကြိုးထိမှန် သေဆုံးခဲ့ကြောင်း သတင်း ရရှိသည်။

မြ၀တီ