တရားမ၀င်လက်နက်များ ပြန့်နေသလား

ပို့စ်တင်ချိန် - 5/01/2014 10:31:00 AM



Author:
အောင်သစ်လွင်

တရုတ်နိုင်ငံသားများထံမှ ဖမ်းဆီးရမိသည့် လက်နက်များအား ခင်းကျင်းပြသထားစဉ် (ဓာတ်ပုံ − ကိုစိုင်း)
လက်နက်ကိုင်ဆောင်သည့်  ပြစ်မှုကို မှုခင်းဖြစ်စဉ်များတွင် အရေးကြီးသောအမှုကြီး ဆယ်မျိုးထဲ၌ ထည့်သွင်းထားပြီး ဥပဒေအရ ထိန်းချုပ်ထားသော်လည်း လူကိုသေစေသော လက်နက်တွေ့ရှိ ဖမ်းဆီးမှုများ မကြာခဏ ဖြစ်ပွားလာ နေသည်။

မြန်မာ-အိန္ဒိယနယ်စပ် တမူးမြို့ပေါ်တွင် သေနတ်နှင့် လက်ပစ်ဗုံးအပါအ၀င် လက်နက်ခဲယမ်း အပြည့်အစုံ သယ်လာသည့် တရုတ်နိုင်ငံသားများအား ရဲတပ်ဖွဲ့က ဖမ်းမိပြီး နှစ်ရက်မြောက်နေ့၌ လူဦးရေအထူထပ်ဆုံး ရန်ကုန်မြို့တွင် အမျိုးသားတစ်ဦးထံမှ ပစ္စတိုလေသေ နတ်တစ်လက်ကို ထပ်မံဖမ်းမိခဲ့သည်။ ယင်းမတိုင်မီကလည်း ဈေးဝယ်သူ သေနတ်ဖြင့် ပစ်သတ်ခံရသည်အထိ ဆိုးရွားပြီး လူအများ ထိတ်လန့်တုန်လှုပ်ခဲ့သည့် မိုးကုတ် မြို့ရွှေဆိုင်နှစ်ဆိုင် ဓားပြတိုက်ခံရမှုကဲ့သို့သော အမှုများ ဖြစ်ပွားခဲ့သည်။

‘‘ဆိုင်မှာ ဈေးဝယ်သူတွေ များလာပြီး လူအုံလာပြီဆို ကြောက်နေပြီ။ ကိုယ့်ရှေ့မှာသေနတ်နဲ့ ပစ်ခတ်နေတာမြင်ခဲ့ရတာလေ။ ဈေးရောင်းရတာ နေ့တိုင်းစိုးရိမ်နေရ ပြီးနောက်ကျောမလုံဘူး။ စိတ်ချရတဲ့ တစ်နယ်တစ်ကျေးကို ရွှေ့ဖို့အထိ စဉ်းစားနေမိတယ်’’ဟု ယခုနှစ် ဇန်န၀ါရီလက လက်နက်ကိုင်လူတစ်စု၏ ဓားပြတိုက်ခြင်းခံခဲ့ရသည့် မိုးကုတ်မြို့နဂါးရွှေဆိုင်ပိုင်ရှင်ဦးအောင်နိုင်က ပြောသည်။

တမူးမြို့တွင် လက်နက်ခဲ ယမ်းအပြည့်အစုံနှင့်အတူ ဖမ်းမိ ခဲ့သည့် တရုတ်နိုင်ငံသားရှစ်ဦးမှာ အဖမ်းမခံရမီ အချိန်ကလည်း ၎င်းတို့စီးလာသည့် ကားကိုရှေ့မီး များဖွင့်၍ မြို့တွင်းသို့လှည့်လည် သွားလာနေခြင်းကြောင့် ဒေသ တွင်းနေထိုင်သူများ၏ လုံခြုံရေး မှာ သေနတ်သယ်ဆောင်သူများ စိတ်ထင်တိုင်းလုပ်ပါက လည်စင်း ခံရမည့်အခြေအနေဖြစ်ခဲ့ကြောင်း တမူးမြို့ခံကိုရန်နိုင်ထွန်းကပြော သည်။

အဆိုပါ တရုတ်နိုင်ငံသား များမှာ တရုတ်လက်နက်ကိုင်အ ဖွဲ့အစည်းတစ်ခုမှဖြစ်ပြီး ၎င်းတို့ ၏ အထက်အရာရှိကိုသတ်ကာ နယ်စပ်ဂိတ်များကို လူကြီးလမ်း ကြောင်းအသွင် ရှေ့မီးများဖွင့်၍ တမူးမြို့သို့ ၀င်ရောက်ခဲ့ခြင်းဖြစ် ကြောင်း မြို့နယ်အဆင့်ရဲအရာရှိ တစ်ဦးကပြောသည်။

‘‘နယ်စပ်ဂိတ်တွေကမှ တစ် ဆင့် ရအောင်ဝင်လာတာလေ။ သူတို့ကို ရဲတပ်ဖွဲ့က အရင်ဖမ်းမိလို့ပေါ့။ ပြေးစရာမရှိလို့ ဒီဘက်ဝင်လာတဲ့ကောင်တွေ။ စိတ်ထင် တိုင်းရမ်းကားရင် ဘယ်လိုလုပ်မ လဲ’’ဟု ကိုရန်နိုင်ထွန်းက ပြော သည်။

ယခုကဲ့သို့ လက်နက်များမ ကြာခဏဖမ်းဆီးရမိမှုများနှင်ပတ် သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာန ချုပ်သို့မေးမြန်းရာ မြန်မာနိုင်ငံ တွင် မူးယစ်ဆေးဝါးဂိုဏ်းများသာ ရှိပြီး လက်နက်မှောင်ခိုဂိုဏ်းမရှိ သည့်အတွက် လက်နက်မှုအနည်း ငယ်သာရှိကြောင်း အမည်မဖော် လိုသည့်ရဲအရာရှိပြီးတစ်ဦးက တုံ့ ပြန်သည်။ သို့သော် ရန်ကုန်မြို့ကဲ့ သို့ နေရာတွင်ပါ သေနတ်သယ် ဆောင်လာသူကို ဖမ်းမိခဲ့သည့်သ တင်းကြောင့် မြို့နေလူထုမှာ ၎င်း တို့၏ လုံခြုံရေးအတွက် ပူပန်မှု စိုးရိမ်ရေမှတ်အထက် ရောက်နေပါသည်။

‘‘ဟိုတုန်းက သတင်းအ မှောင်ချထားခဲ့လို့လား။ အဲဒီတုန်း က သေနတ်တွေဖမ်းမမိတာလား ဆိုတာတော့ မသိဘူး။ အခုနှစ် ပိုင်းတွေမှာ လက်နက်သတင်း တွေ ခဏခဏကြားနေရတာ တော့ ကြောက်တယ်။ ခရီးသွား ရင်တောင် ကိုယ့်ဘေးကလူမှာ သေနတ်ပါနိုင်လားဆိုတဲ့အတွေး မျိုးနဲ့ စိုးရိမ်စိတ်ဝင်တယ်’’ဟု လုပ် ငန်းကိစ္စနှင့်ရန်ကုန်မြို့မှ ရှမ်းပြည် နယ်ဘက်သို့ မကြာခဏခရီးသွား လေ့ရှိသည့် သတ္တုတွင်းလုပ်ငန်း ရှင်ဦးသန့်စင်ကပြောသည်။

မြန်မာနိုင်ငံတွင် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်း များလည်းရှိနေသည့်အပြင် မူး ယစ်ဆေးဝါး ရောင်းဝယ်သည့် ဈေးကွက်လည်း ကျယ်ပြန့်နေဆဲ ဖြစ်သောကြောင့် ၎င်းနှင့်ဆက်စပ် ကာ လက်နက်ကိုင်ဆောင်မှုများ လည်း နယ်စပ်ဒေသများတွင်ရှိနေ သည်။ ဖြစ်ပွားခဲ့သော ဓားပြတိုက် လုယက်မှုများနှင့် လက်နက်ဖမ်း ဆီးရမိမှုများမှာလည်း အဆိုပါ လက်နက်ကိုင် တပ်ဖွဲ့များနှင့် ဆက်နွှယ်မှုများရှိနေကြောင်း မြန် မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှုခင်းရဲ တပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

မန္တလေးမြို့ရှိ မောင်ကိန်းရွှေ ဆိုင်နှင့် မိုးကုတ်မြို့ရွှေဆိုင်နှစ် ဆိုင်ဓားပြတိုက်ခံခဲ့ရသည့်ဖြစ်စဉ် တွင် လက်နက်ကိုင်အဖွဲ့အစည်း အချို့နှင့် ပတ်သက်နေသူများပါ ၀င်နေပြီး လုံခြုံရေးဆိုင်ရာအား နည်းမှုများကို အခွင့်ကောင်းယူ ကာ မြို့ပြနေရာအထိရောက် အောင် သေနတ်များသယ်ဆောင် လာခြင်းဖြစ်သည်။ မည်သို့ပင်ဆို စေ လက်ညှိုးတစ်ချက်ကွေးရုံဖြင့် လူကိုသေစေနိုင်သည့် သေနတ်များက အုပ်ချုပ်ခံလက်နက်မဲ့လူထုကြား မကြာခဏတွေ့ရှိနေရသည့်အပေါ် တာဝန်ရှိသူများ အဖြေရှာရန်လိုအပ်ပါသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ပြုစု ထားသောမှတ်တမ်းများအရ အ ရေးကြီးအမှုစာရင်းအတွင်းထည့် ထားသည့် လက်နက်မှုမှာအနည်း ဆုံးအမှုစာရင်းများတွင်ပါဝင်ပြီး ဖမ်းဆီးထားသည့် လက်နက်မှုအ များစုမှာလည်း မူးယစ်ဆေး ရောင်းဝယ်သူများနှင့် ဆက်စပ် နေကြောင်း နေပြည်တော်မှုခင်းရဲ တပ်ဖွဲ့ ဒုတိယရဲမှူးဝင်းမြင့်က ရှင်းပြသည်။ လက်နက်မှုခင်းမှတ် တမ်းများအရ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ အများစုရှိ သည့် ရှမ်းပြည်နယ်ဘက်တွင် သေနတ်ကိုင်ဆောင်မှုအများဆုံး ဖမ်းမိပြီး တာချီလိတ်မြို့တွင် လက်နက်မှုခင်းတစ်ခုတွင် ‘၀’ လက်နက်ကိုင်တပ်ဖွဲ့ရှိ သူငယ်ချင်းဖြစ်သူထံအလည်သွားသူတစ်ဦးက အိမ်အပြန်တွင် သေနတ်ကိုခိုးယူလာစဉ် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ အဆိုပါနည်းလမ်းဖြင့် လက်နက်တရားမဝင်ကိုင်ဆောင်သူများ မည်မျှအထိရှိနေပြီလဲဆိုသည်ကို မည်သူမျှ မသိနိုင်ပေ။

လောလောလတ်လတ်ဖြစ် စဉ်အနေဖြင့် မူးယစ်ဆေးသယ် လာသူများက တားဆီးစစ်ဆေး သည့် ရဲကို သေနတ်ဖြင့်ပစ်သော ကြောင့် သေဆုံးခဲ့ရသည့်ဖြစ်စဉ် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် မြို့တွင် ဧပြီ ၂၉ ရက်က ဖြစ်ပွားခဲ့ပါသည်။ ဒုစရိုက်သမားက မောင်း တင်ထားသော သေနတ်ဖြင့် အ လွယ်တကူပစ်ခဲ့ခြင်းဖြစ်ပြီး မိဘ နှစ်ပါးက မှီခိုနေရသူ အသက်(၃၇)နှစ်အရွယ် ရဲတပ်ကြပ်တစ်ဦး သေဆုံးခဲ့ရသည်။

အလွယ်တကူ ခိုးဝှက်သယ် ဆောင်နိုင်သော သေနတ်ကဲ့သို့ လက်နက်သည် ဥပဒေဖြင့် ထိန်း ချုပ်ထားခြင်းမရှိသူထံ ရောက်နေ ပါက ပတ်ဝန်းကျင်အတွက် လွန် စွာအန္တရာယ်များပြီး စည်းကမ်း တင်းကျပ်စွာ ထုတ်ပြန်ထားသည့် စစ်တပ်နှင့် ရဲအရာရှိများကိုယ် တိုင် အထက်အရာရှိအဆင့်ဆင့် ၏ ထိန်းချုပ်မှုဖြင့် ကိုင်ဆောင်ရ ခြင်းဖြစ်ကြောင်း တပ်မတော်(ရေ)မှ အငြိမ်းစားအရာရှိတစ်ဦးက ပြောသည်။

‘‘သေစေနိုင်တဲ့ လက်နက်ကို ကိုင်ထားတဲ့ လူတစ်ယောက်အ နေနဲ့ စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်မှု တွေလည်း အများကြီးလုပ်ထားရ တယ်။ အမှားအယွင်းဖြစ်ရင် လည်း အရေးယူတဲ့အပိုင်းက ပြင်းထန်တယ်။ ဒီလိုလက်နက်တွေ လူတွေကြားရောက်နေတာ အရမ်းအန္တရာယ်များတယ်’’ဟု ဆိုသည်။

လက်နက် မှောင်ခိုလမ်း ကြောင်းအနေဖြင့် ထိုင်းနိုင်ငံ နယ်စပ်မြို့များမှတစ်ဆင့် အများ ဆုံးဝင်ပြီး လက်နက်မှောင်ခိုဈေး ကွက် ကြီးကြီးမားမားမရှိသော် လည်း အိန္ဒိယဘက်သို့ မှောင်ခို ရောင်းဝယ်မှုအချို့ရှိနေကြောင်း နိုင်ငံဖြတ်ကျော်မှုခင်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။ ခရိုင်နှင့် မြို့နယ်အဆင့်ရဲအရာရှိ များပါ အရေးယူခံခဲ့ရသည့် တမူး နှင့် ကလေးခရိုင်ရှိ မူးယစ်နှင့် လက်နက်မှောင်ခိုမှုများ၏ အဓိကလမ်းကြောင်းမှာ အိန္ဒိယနိုင်ငံသို့ ဦးတည်ခြင်းဖြစ်ကြောင်း ဆို သည်။

‘‘ဒီမှာက မူးယစ်ဆေးဝါးလို လက်နက်မှောင်ခိုဂိုဏ်းမရှိဘူး။ ဒါပေမဲ့ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်က ကသည်းသူပုန်နဲ့ လက်နက်ကိုင်တပ်ဖွဲ့တချို့ဆီကို မြန်မာနိုင်ငံက ဖြတ်ပြီး သယ်တာ တွေရှိတယ်’’ဟု ပြောပါသည်။

မြန်မာနိုင်ငံသည် အိမ်နီး ချင်းနိုင်ငံများထက် တရားမဝင် သေနတ်ကိုင်ဆောင်သူ အလွန် နည်းပါးသော်လည်း ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့တွင် သေ နတ်နှင့် ဆက်နွှယ်သည့် မှုခင်း များ ဖြစ်ပွားမှုနှုန်း မြင့်လာကြောင်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သတင်း ရရှိသည်။

‘‘ဒီမှာက ကားဟွန်းတီးပြီး ကျော်တက်တာကို မကျေနပ်လို့ သေနတ်နဲ့ လိုက်ပစ်တာမျိုးအထိ ဖြစ်နေပြီ။ မူးယစ်ဆေးလည်း သုံး တဲ့သူက သေနတ်ပါ ကိုင်လာ တော့ ဒါကို တာဝန်ရှိသူတွေ ထိန်းချုပ်သင့်ပြီ’’ဟု လားရှိုးမြို့ခံကိုခင် မောင်လွင်က ပြောသည်။

သေချာသည်ကတော့ အ နောက်နိုင်ငံများနှင့် အိမ်နီးချင်း နိုင်ငံအချို့ကဲ့သို့ လက်နက်တရား ဝင် ကိုင်ဆောင်ခွင့်မရှိသေးသော် လည်း ဒုစရိုက်စီးပွားရေးသမား များနှင့် လက်နက်ကိုင်အဖွဲ့အ စည်းများအား အကြောင်းပြုကာ သေနတ်ကိုင်ဆောင်သူအချို့ လူ့ အသိုင်းအဝိုင်းအတွင်း ရှိနေသည် မှာ မန္တလေး၊ မိုးကုတ်၊ မူဆယ်နှင့် တမူးမြို့နယ် အဖြစ်အပျက်များ က သက်သေပြနေပါသည်။

7day daily