အမြန်လမ်း ခရီးသွားအာမခံ အိမ်စီးကားများလည်းထားနိုင်

ပို့စ်တင်ချိန် - 5/01/2014 10:30:00 AM



ယာဉ်တိုက်မှုများ မကြာခဏဖြစ်ပွားနေခြင်းကြောင့် ယင်းအာမခံကို စတင်ရောင်းချခြင်းဖြစ်

ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)

အမြန်လမ်းတွင် ယာဉ်မတော်တဆမှုများ မကြာခဏဖြစ်ပွားနေသဖြင့် မြန်မာ့အာမခံလုပ်ငန်းက အဝေးပြေးအမြန်လမ်းများဆိုင်ရာ အထူးခရီးသွားအာမခံ သစ် စတင်လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

ယင်းအာမခံသစ်ကို ခရီး သွားယာဉ်လိုင်းတိုင်းက ခရီးသည်များအတွက် တာဝန်ယူရောင်းချ ပေးရမည်ဖြစ်ပြီး ထိုသို့ရောင်းချ ပေးသည့်အတွက် ယာဉ်လိုင်းမှ ၁၀ ရာခိုင်နှုန်း ကော်မရှင်ရရှိမည် ဖြစ်သည်။

အာမခံသစ်၏ ပရီမီယံမှာ ၃၀၀ ကျပ်ဖြစ်ပြီး အကျိုးခံစားခွင့်မှာ ကျပ်သိန်း ၃၀ ဖြစ်ကာယခင်က ပင် ကားလက်မှတ်တိုင်းတွင် ပါ ၀င်ခဲ့ပြီးဖြစ်သည်။သူတစ်ပါးထိ ခိုက်မှု အာမခံ ကျပ်ငါးသိန်း၊ စုစုပေါင်း ကျပ် ၃၅သိန်းကို ခရီးသည် က အကျိုးခံစားခွင့် ရရှိမည်ဖြစ်ကြောင်း

မြန်မာ့အာမခံလုပ်ငန်းမှ သတင်းရရှိသည်။ ယင်းအာမခံသစ်ထားရှိသူ များသည် ယာဉ်မတော်တဆမှု ကြောင့် သေဆုံးပါက ခုနစ်ရက် အတွင်း အာမခံငွေရရှိမည်ဖြစ်ပြီး ထိခိုက်ဒဏ်ရာ ရရှိသူဖြစ်ပါက ဆေးကုသမှုအထိုက်အလျောက် ပြီးလျှင် အာမခံငွေရရှိမည်ဖြစ် ကြောင်းနှင့် ယခင်ကထားရှိခဲ့ဖူး သော အလုံးစုံမော်တော်ယာဉ် အာမခံကိုလည်း ဆက်လက်ထား ရှိရန် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင် မောင်သိမ်းကတိုက်တွန်းပြောဆို သည်။

‘‘အဓိက ရည်ရွယ်တာက အဝေးပြေးအမြန်လမ်းကသွားတဲ့ လူတွေအတွက် ရည်ရွယ်တာပါ။ တခြားလမ်းက သွားတဲ့လူတွေ လည်း ဝယ်ချင်ရင်ဝယ်လို့ရပါ တယ်’’ဟု ဒုဝန်ကြီးက ပြော သည်။

မိုင်တစ်ရာနှင့်အထက်ပြေး ဆွဲသောအဝေးပြေးကားများ မဖြစ်မနေဝယ်ယူရမည်ဖြစ်ပြီး မိုင်တစ် ရာအောက်ပြေးဆွဲသည့် ယာဉ် လိုင်းများလည်း ဝယ်ယူနိုင် ကြောင်းနှင့် ယာဉ်လိုင်းဖြင့်ခရီး မသွားဘဲအငှားယာဉ် အိမ်စီးကားဖြင့် သွားရောက်သူ ဖြစ်ပါကလည်း ဝယ်ယူလိုပါက ဝယ်ယူနိုင်သည်။ ‘‘လောလောဆယ်တော့ တရားဝင်အကြောင်းမကြားသေး သေးဘူး။ ခရီးသည်တစ်ယောက် ကို တစ်ရာသွင်းနေရတာတော့ရှိ တယ်။ ခရီးသည်ကလူအစုံဆို တော့ ဝယ်ချင်တဲ့လူလည်းရှိမယ်။ မဝင်ချင်တဲ့လူလည်းရှိတယ်။ လူ အစုံဆိုတော့လေ။ မဖြစ်မနေလုပ် ပေးရမယ်ဆိုရင်တော့ လုပ်ရမှာ ပေါ့’’ဟု JJ Express မှတာဝန်ရှိ သူတစ်ဦးကပြောသည်။

အဝေးပြေး အမြန်လမ်းမ ဆိုင်ရာ အထူးခရီးသွားအာမခံ သစ်ကို မြန်မာ့အာမခံလုပ်ငန်းနှင့် ပုဂ္ဂလိကအာမခံကုမ္ပဏီ ၁၂ ခုပူး ပေါင်းပြီး မြန်မာ့အာမခံလုပ်ငန်းမှ ဦးဆောင်၍ လုပ်ဆောင်သွားမည် ဖြစ်သည်။ အဆိုပါအာမခံများကို မေလ ၈ ရက်တွင် မြန်မာ့အာမခံ ရုံးများ၌ စတင်ဝယ်ယူနိုင်မည် ဖြစ်သည်။

ဧပြီ ၂၀ ရက်က တောင်ပြာ တန်း ခရီးသည်တင်ယာဉ်နှင့် ချီဇာ အဖြူရောင် ဆလွန်းကား တစ်စီး ယာဉ်မတော်တဆမှုဖြစ် ပွားပြီးနောက်ပိုင်း အစိုးရကအဆို ပါအာမခံထားရှိရန် စီစဉ်လိုက် ခြင်းဖြစ်သည်။

အမြန်လမ်းတွင် ၂၀၁၄ခုနှစ်  ပထမလေးလအတွင်း ယာဉ်တိုက်  မှုပေါင်း ၁၆၀ကျော်ဖြစ်ပွားခဲ့ပြီး လူ ၆၆ဦးသေဆုံးခဲ့သည်။

7day daily