ရဲထံ သတင်းပေးသည်ဆိုကာ ရန်ပြုခံရ

ပို့စ်တင်ချိန် - 5/01/2014 09:43:00 AM


တိုးဝေအောင်   |

ကြည်မြင်တိုင်မြို့နယ်တွင် ရဲထံ သတင်းပေးသည်ဆိုကာ လမ်းမှူးတစ်ဦး ဧပြီလ ၂၇ ရက်နေ့က
ရန်ပြုခံရကြောင်း သိရသည်။

အဆိုပါနေ့ ည ၇ နာရီအချိန်ခန့်တွင် ကြည်မြင်တိုင်မြို့နယ် အလတ်ချောင်းရပ်ကွက် အုပ်ချုပ်ရေးမှူး
ဦးမျိုမြင့်(ခ) ဦးနီတွတ်သည် လမ်းမှူး ဦးခင်ညွန့်၊ ဦးအောင်ကျော်ဦး တို့နှင့် အတူရှိနေစဉ်
ရပ်ကွက်တည်းနေ မောင်ဌေး(ခ)လှဌေး (၄၂ နှစ်)မှာ အရှည် နှစ်ပေခွဲ ခန့်ရှိ ဓါးဦးချွန်တစ်ချောင်းကို
ကိုင်ဆောင်ကာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ရောက်လာခဲ့သည်။

၎င်းနောက် ယခင်က ၎င်း၏ ပြစ်မှုများကို လမ်းမှူး ဦးအောင်ကျော်ဦးက ရဲတပ်ဖွဲ့ထံ သတင်းပေး
သည်ဟုဆိုကာ ဆဲဆိုခြိမ်းခြောက်ပြီး ဓါးဦးချွန်ဖြင့် ထိုး၊ ဦးခေါင်း၊ ကျောကုန်း၊ ရင်ဘက် တို့ကို
ခြေဖြင့် ကန်ကျောက်ခဲ့သဖြင့် ထိခိုက်ဒဏ်ရာများ ရရှိကာ အနောက်ပိုင်းဆေးရုံသို့ တင်ပို့ ကုသ
ရသောကြောင့် အရေးယူပေးရန် တိုင်ကြားခဲ့သည်။

စက်ဆန်းနယ်မြေရဲစခန်းက (ပ)၁၁၈/၁၄ ပြစ်မှုပုဒ်မ ၂၉၄/၅၀၆/၃၃၂ အရ အမှုဖွင့်
အရေးယူထားကြောင်း သိရသည်။

myanmar times