တိုက်ကြီးမြို့နယ်၊ ဧရာဝတီမြစ်အတွင်း CB တွဲများတွန်းလာသည့် သင်္ဘော(၂)စီးတိုက်မိခဲ့၍ (၁)စီး နစ်မြုပ်

ပို့စ်တင်ချိန် - 5/01/2014 08:35:00 AM




ရန်ကုန်၊ ဧပြီ ၃၀

၃၀.၄.၂၀၁၄ ရက်နေ့ ၀၂၂၀ အချိန်ခန့်တွင် တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ ဧရာဝတီမြစ်အတွင်း ရန်ကုန်ဘက်မှ ဧရာဝတီတိုင်းဒေသကြီး၊
မြန်အောင်မြို့နယ် ဘက်သို့ ရေယာဉ်မောင်း ဦးသောင်းစိန်၊ (၅၃)နှစ်၊ (ဘ)ဦးထွန်းရင်၊ မြန်အောင်မြို့နယ်နေသူမောင်းနှင်ပြီး CB တွဲအမှတ် သ/၄၁၃ နှင့် သ/၈၀၆ တို့အားတွန်းလာသည့် “သပြေ” တွန်းသင်္ဘောနှင့်
မြန်အောင်ဘက်မှ ရန်ကုန်ဘက်သို့ ရေယာဉ်မောင်း ဦးဝင်း(ခ) ဦးခင်မောင်ဝင်း၊ (၅၈)နှစ်၊ (ဘ)ဦးကျော်မြိုင်၊ မြန်အောင်မြို့နယ်နေသူ
မောင်းနှင်ပြီး CB တွဲအမှတ် သ/၁၁၃၈ ကိုတွန်းလာသည့် “ဘုန်းပြည့်စုံ” တွန်းသင်္ဘောတို့သည် တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ ပန်းတုံးပိတ်ရွာအနီး
တွင် မျက်နှာချင်းဆိုင်တိုက်မိခဲ့ပါသည်။

ထိုသို့တိုက်မိသဖြင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိသော်လည်း “ဘုန်းပြည့်စုံ” သင်္ဘောနှင့် ၎င်းသင်္ဘောမှ တွန်းလာသော CB တွဲအမှတ် သ/၁၁၃၈ တို့ မှာ မြစ်အတွင်း နစ်မြုပ်သွားခဲ့ပြီး CB တွဲပေါ်တွင် မြန်အောင်မြို့၊ သုံးဆယ်ကျွန်းကျောက်ကွင်းမှ တင်ဆောင်လာသော မြစ်ကျောက်များ
ပါရှိကြောင်း သိရှိရပါသည်။

အဆိုပါသင်္ဘောနစ်မြုပ်မှုနှင့်ပတ်သက်၍ ရေယာဉ်များအားပေါ့လျော့စွာ
မောင်းနှင်သူ ဦးသောင်းစိန်နှင့် ဦးခင်မောင်းဝင်း(ခ)ဦးဝင်းတို့(၂)ဦးအား တိုက်ကြီးမြို့နယ်၊ အဖျောက်နယ်မြေရဲစခန်း(ပ)၂၀/၂၀၁၄၊ ပြစ်မှု ပုဒ်မ-၂၈၀
ဖြင့်အမှုဖွင့် အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။

Yangon Police