လေးပွင့်ဆိုင်ဆွေးနွေးရန် ငြင်းနေသူများကို ဦးရွှေမန်း မေးခွန်းထုတ်

ပို့စ်တင်ချိန် - 5/01/2014 10:32:00 AM

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)




တိုင်းပြည်အရေး အတွက် လိုအပ်သော တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုများပြုလုပ်ရန် ယခုအ ချိန်ကာလသည် အကောင်းဆုံးအ ချိန်ဖြစ်ပြီး ထိုကဲ့သို့ တွေ့ဆုံဆွေး နွေးမှုများကို မည်သည့်အတွက် ကြောင့် ငြင်းဆန်နေသည်ကို ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက မေးခွန်းထုတ်မေးမြန်း လိုက်သည်။

တပ်မတော်အစိုးရ လက်ထက်တွင် ၀န်ကြီးချုပ်ထက် မြင့်မား သော ထိပ်တန်း ခေါင်းဆောင်နေ ရာတွင် တာဝန်ထမ်းဆောင်ခဲ့သူ အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦး ရွှေမန်း ပြည်ထောင်စု လွှတ်တော် နာယကအဖြစ် တာဝန်ထမ်း ဆောင်နေသည့် ကာလအတွင်း ပြည်ခိုင်ဖြိုးပါတီမှ ထုတ်ဝေသည့် ပြည်ထောင်စုနေ့စဉ် သတင်းစာ တွင် ပထမဆုံး ရေးသားသည့် နိုင်ငံရေး၊ နိုင်ငံ့အရေး အမည်ရှိ ဝေဖန်ရေး ဆောင်းပါးတွင် အ ထက်ပါအတိုင်း ရေးသားခဲ့ခြင်း ဖြစ်သည်။

‘‘ဒီအချိန်ဟာ တကယ့်အချိန် ကောင်းပါ။ ဆွေးနွေးမယ်၊ ညှိနှိုင်း မယ်ဆိုတာကို ဘာကြောင့် လက် မခံချင်တာလဲ။ စေတနာမှန်သော ပုဂ္ဂိုလ်များရဲ့ စေတနာမှန်သော စကားနဲ့ လုပ်ရပ်တွေ အလိုအပ် ဆုံးအချိန်ပါ။ ဒီအလုပ်တွေကို တခြားဘယ်သူကမှ လာလုပ်လို့၊ ၀င်လုပ်လို့ မရဘူး။ ဘယ်နိုင်ငံ၊ ဘယ်အဖွဲ့အစည်းကမှ ၀င်လုပ် လို့မရဘူး’’ ဟု သူရဦးရွှေမန်းက ရေးသား မေးမြန်းထားသည်။

 အဆိုပါ  ရေးသားချက် သည် တိုင်းပြည်အတွက် အရေး ကြီးလုပ်ငန်းစဉ်ဖြစ်သော အခြေခံ ဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်တောင်းဆိုထားသော ကြီးလေး ကြီး တောင်းဆိုမှုအပေါ် နိုင်ငံ တော် သမ္မတနှင့် ကာကွယ်ရေး ဦးစီးချုပ်တို့ ငြင်းဆန်နေခြင်းနှင့် ပတ်သက်၍ မေးခွန်းထုတ်ခြင်း ဖြစ်နိုင်ကြောင်း လွှတ်တော်ကိုယ် စားလှယ်အချို့နှင့် အရပ်ဘက် အဖွဲ့အစည်းမှ ပုဂ္ဂိုလ်အချို့က ဆိုသည်။

လေးပွင့်ဆိုင် တွေ့ဆုံရေး နှင့်ပတ်သက်၍ မိမိအနေဖြင့် အ မြဲအဆင်သင့်ရှိနေပြီး တစ်ဖက်မှ ပုဂ္ဂိုလ်များက ဆွေးနွေးခြင်းကို လက်ခံသည်ဖြစ်စေ၊ ငြင်းဆိုသည်ဖြစ်စေ မိမိနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကမူ မကြာခဏ တွေ့ဆုံမှုများ ပြုလုပ်နေကြောင်း၊ မကြာမီက ကျင်းပပြီးစီးခဲ့သည့် ပြည်ထောင်စုလွှတ်တော် န၀မပုံမှန်အစည်းအဝေး ပြီးဆုံးသည့်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ သူရဦးရွှေမန်းက ပြောကြားခဲ့သည်။

‘‘ဒီလိုပြောဆိုမှုဟာ ကြီး လေးကြီး တွေ့ဆုံမှုကို ရည်ရွယ် တာဖြစ်နိုင်ပါတယ်။ ဒီလို ရည် ရွယ်တာ ဆိုရင်တော့ သမ္မတနဲ့ တပ်ချုပ်ကို ရည်ညွှန်းတာပါပဲ။ နာယကကြီးရဲ့ ပြောဆိုရေးသား ချက်တွေဟာ ဒီမိုကရေစီစံနှုန်းအ ရကြည့်ရင် အမှန်တွေပါပဲ’’ ဟု ပြည်ထောင်စုလွှတ်တော် ကိုယ် စားလှယ်ဦးရဲထွန်းက ပြောသည်။

မိမိနှင့် မိမိယုံကြည်သူ တစ် ဦးစ၊ နှစ်ဦးစ၏ အကြံဉာဏ်ရယူ ကာ လုပ်ဆောင်ခြင်းထက် မိမိနှင့် သဘောတူတူ၊ မတူတူ အမှန်ကို ပြောဝံ့သူ၊ ပါတီတူ၊ ပါတီကွဲမှ အဓိကကျသူနှင့် ညှိနှိုင်းအဖြေရှာ မှသာ မြန်မာတို့၏ ပစ္စုပ္ပန်နှင့် အ နာဂတ်ဘ၀များ လှပလာစေမည် ဖြစ်ကြောင်း ဖော်ပြပါဆောင်းပါး တွင် သူရဦးရွှေမန်းက ရေးသား ဖော်ပြထားသည်။

ယခင်အစိုးရ လက်ထက်တွင် ထိပ်တန်း တာဝန်ထမ်းဆောင်ခဲ့သော ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးအနေဖြင့် ယခုကဲ့သို့ ပြောဆိုရေးသားခြင်းကို ကြိုဆိုရမည်ဖြစ်ပြီး ဒီမိုကရေစီ ကျင့်စဉ်များအရ တွေ့ဆုံဆွေးနွေးရေး လမ်းစဉ်ကို ရှောင်လွှဲ၍မရကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဂျင်မီက ပြောသည်။

Author:  မင်းဟိန်းကျော်
7DAY DAILY