တောင်ငူတွင် မီးလောင်၊ ဓမ္မ School စာသင်ဆောင်တစ်ခု ပါဝင်

ပို့စ်တင်ချိန် - 5/01/2014 06:53:00 PM


တောင်ငူမြို့ ၁၁ ရပ်ကွက်ရှိ မြကျွန်းသာ ၂ လမ်းရှိ ဦးကိုကိုနိုင် ခေါ် ဦးပေါလ်ရဲ့ သွပ်မိုးနှစ်ထပ်ပျဉ်ထောင်နေအိမ်ကနေ မေလ ၁ ရက် နေ့လည် ၁နာရီ ၃၀မိနစ်အချိန်မှာ
စတင်လောင်ကျွမ်းတဲ့မီးကြောင့် အနီးရှိနေအိမ် ၁၀ လုံးနီးပါးနဲ့ အောင်ဇဗ္ဘူဘုန်းတော်ကြီးကျောင်းဝန်းအတွင်းရှိ ဓမ္မ-school စာသင်ဆောင်တို့ ကူးစက်လောင်ကျွမ်းခဲ့ပြီး ၁နာရီ ၄၅ မိနစ်အချိန်တွင်း မီးညွန့်ကျိုးခဲ့ပါတယ်။ အခုအချိန်ထိ မီးကြွင်းမီးကျန်များကို ဆက်လက်ငြိမ်းသတ်နေကြောင်း သိရှိရပါတယ်။





သတင်းဓာတ်ပုံ - သားကြီး(တောင်ငူ)

DVB TV News