ရှက်လို့... - (ဟာသ)

ပို့စ်တင်ချိန် - 6/02/2014 08:20:00 AM


တစ်ခါက အလွန်အရှက်အကြောက်ကြီးတဲ့အပျိုကြီးညီအစ်မနှစ်ယောက်ကို အဖေလုပ်သူက လူကြားထဲတိုးရဲအောင် မောင်မြန်မာပြိုင်ပွဲကိုလက်မှတ်ဝယ်လာပြီး သွားကြည့်ခိုင်းတယ်..။

အပျိုကြီးနှစ်ယောက်လည်း ဖခင်ကိုမလွန်ဆန်နိုင်တာနဲ့ ကြောက်ကြောက်နဲ့ သွားကြည့်ကြတာပေါ့..။

ပြန်လာတော့ မျက်နှာတွေရွှင်လန်းလာတဲ့အပျိုကြီးနှစ်ယောက်ကို ဖခင်က ၀မ်းသာအားရမေးတယ်..

“မောင်မြန်မာပွဲသွားကြည့်တာ ကောင်းရဲ့လားသမီးတို့”

“ဟုတ်..အဖေ.. ကောင်းပါတယ်.. မိန်းကလေးတွေပြိုင်ကြတုန်းကတော့ ကြည့်လို့ ကောင်းပါတယ်အဖေရယ်..ယောက်ျားလေးတွေပြိုင်တော့အဖေရေ.. အ၀တ်ဗလာနဲ့ဆိုတော့ ရှက်ဖို့ကောင်းလိုက်တာ.. အဲဒါနဲ့ သမီးတို့လည်း မျက်လုံးကို လက်နဲ့ကွယ်ပြီး မောင်မြန်မာတွေရဲ့အ၀တ်ပါတဲ့နေရာကိုပဲ ကြည့်ပြီးပြန်လာခဲ့ရတယ်…”

ဟေ...!!!!

credit: original writer
မချိုမချဉ်ဟာသများ